အမျိုးသားကန်တော်ကြီးဥယျာဉ်(ပြင်ဦးလွင်)သို့ ခရစ္စမတ်ကာလ ရုံးပိတ်ရက် များတွင် လာရောက်လည်ပတ်သူများဖြင့် စည်ကားများပြားလျက်ရှိ နေပြည်တော်၊ ဒီဝင်ဘာ - ၂၇

Tuesday, December 27, 2022 - 15:00

          မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့သို့ ခရစ္စမတ်ကာလ ရုံးပိတ်ရက်များ တွင် လာရောက်လည်ပတ်သူများပြားလျက်ရှိခဲ့ပြီး (၁၅)ကြိမ်မြောက် ပန်းပွဲတော် (Bloo ming Fantasy)ကျင်းပလျက်ရှိသည့် အမျိုးသားကန်တော်ကြီး ဥယျာဉ် (ပြင်ဦးလွင်) တွင် ဖွင့်ပွဲနေ့၊ ဒီဇင်ဘာ ၁၈ ရက်မှ ယနေ့အထိ ပြည်တွင်း/ ပြည်ပမှ ခရီးသွားပြည်သူ ၁ သိန်း ၆ သောင်းကျော်လာရောက်ကြည့်ရှုလေ့လာ အပန်း ဖြေခဲ့ပြီး ယနေ့အချိန်အထိ လာရောက်လည်ပတ်သူများဖြင့် စည်ကားများပြား လျက်ရှိကြောင်းသိရှိရသည်။

          အဆိုပါ အမျိုးသားကန်တော်ကြီးဥယျာဉ်(ပြင်ဦးလွင်)ရှိ ရေကန်များ သာယာ လှပရေး၊ စိမ်းလန်းစိုပြေစေရေး၊ အကြောင်းအမျိုးမျိုးကြောင့် ဥယျာဉ်အတွင်းရှိ ရေကန်များတွင် ရေခမ်းခြောက်မှုများ မရှိစေရေးနှင့် ရေကန်များ ရေဝင် ရေထွက် ကောင်းမွန်စေရေးစသည့် ရေအရင်းအမြစ်ထိန်းသိမ်းရေး လုပ်ငန်းများကို သက်ဆိုင်ရာအဖွဲ့အစည်းများက ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။