နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း နိုင်ငံကျော်အဆိုတော်မြန်မာပြည်သိန်းတန်၏ ကြယ်ကလေးများ၏အနာဂတ်တစ်ကိုယ်တော်သီဆိုဖျော်ဖြေပွဲသို့တက်ရောက်ကြည့်ရှုအားပေး

Friday, December 23, 2022 - 15:30

၂၀၂၃ခုနှစ် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့်  နိုင်ငံကျော်အဆိုတော် မြန်မာပြည် သိန်းတန် ၏ ကြယ်ကလေးများ၏ အနာဂတ် တစ်ကိုယ်တော်သီဆိုဖျော်ဖြေပွဲကို ယနေ့ညပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန် သဘင်ဆောင် အတွင်း၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်ကြည့်ရှု အားပေးသည်။

အဆိုပါ သီဆိုဖျော်ဖြေပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)၏ ဇနီး ဒေါ်သန်းသန်းနွယ်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ရေ၊လေ)မှ တပ်မတော်အရာရှိကြီးများ နှင့် ဇနီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ရုံး/ဌာန အသီးသီးမှ အရာရှိ၊ စစ်သည်များနှင့် မိသားစုဝင်များ တက်ရောက်ကြည့်ရှု အားပေးကြသည်။

ဦးစွာ မြန်မာပြည် သိန်းတန် နှင့် အဖွဲ့က ရတနာပုံ၊  အောင်စေ-တည်စေ- ညီစေ၊ ယောသူတို့ရွာ၊ မဗေဒါ၊  စနေထောင့်မှာပန်းလှုမယ်၊ မြစ်စုံသို့လွမ်းစိတ်မပြေ၊  ရွှေသုန္ဒရီ၊  သောကတောင်တန်း၊  ချစ်သူချင်းမို့သိနားလည်၊ ကောင်းသောည စသည့် တေးသီချင်း များဖြင့် သီဆို၍ တေးသရုပ်ဖော်များဖြင့်ဖျော်ဖြေတင်ဆက်ကြရာ တက်ရောက်လာကြ သူများက ပျော်ရွှင်ကြည်နူးစွာ ကြည့်ရှုအားပေးကြသည်။

သီဆိုဖျော်ဖြေပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့် ဇနီးတို့က  မြန်မာပြည် သိန်းတန် နှင့်အဖွဲ့အား ဂုဏ်ပြုပန်းခြင်းနှင့် တပ်မတော်(ကြည်း၊ရေ၊လေ) မိသားစုများက လှူဒါန်းသည့် အလှူငွေကျပ်သိန်း(၃၀၀)ကိုပေးအပ်ပြီး ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြသည်။

ယခု သီဆိုဖျော်ဖြေတင်ဆက်မှုသည် မြန်မာနိုင်ငံအနှံ့အပြားရှိ မိဘမဲ့ကလေးများ (ရင်ခွင်မဲ့ ကလေးများ)အား ထောက်ပံ့ကူညီဆောင်ရွက်နိုင်ရေးအတွက်  တေးသံရှင် မြန်မာပြည် သိန်းတန်၏ နှင့် အဖွဲ့က သီဆိုဖျော်ဖြေတင်ဆက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။