ပန်းဆိုးတန်းဆိပ်ကမ်းမှ ဒလဆိပ်ကမ်းသို့ ထွက်ခွာမောင်းနှင်လာသည့် ချယ်ရီ(၂) ရေယာဉ်အား PDF အမည်ခံအကြမ်းဖက်သမားများက မိုင်းထောင် ဖောက်ခွဲ ခဲ့သဖြင့် အပြစ်မဲ့ခရီးသွားပြည်သူ ၁၇ ဦး မိုင်းစထိမှန်ဒဏ်ရာများရရှိ နေပြည်တော်၊ ဒီဇင်ဘာ - ၁၉

Monday, December 19, 2022 - 14:15

          NUG နှင့် CRPH တို့၏ ညွှန်ကြားမှုဖြင့် PDF အမည်ခံအကြမ်းဖက် သမားများသည် တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့တွင်  ရဟန်း၊ သံဃာတော် များ၊ အစိုးရ ဝန်ထမ်းများနှင့်တိုင်းရင်းသားပြည်သူများအား အကြမ်းဖက်ဖမ်းဆီး သတ်ဖြတ်ခြင်း၊   ဆက်ကြေးကောက်ခံခြင်း၊ အစိုးရယန္တရားများ ပျက်ပြားစေရန် နိုင်ငံတော်ပိုင် အဆောက်အဦများ၊ အများပြည်သူ သွားလာအသုံးပြုလျက် ရှိသော လမ်း၊ တံတားများ၊ ခရီးသွားမော်တော်ယာဉ်/ ရေယာဉ်များအား မိုင်း ထောင်ဖောက်ခွဲ ဖျက်ဆီးခြင်းများ လုပ်ဆောင်လျက်ရှိသည်။

ထိုသို့ လုပ်ဆောင်လျက်ရှိရာ ဒီဇင်ဘာ ၁၈ ရက် ညနေ ၆ နာရီ ၄၀ မိနစ်ခန့်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်မြို့နယ်၊ မိသားစုရပ်ကွက်၊ ပန်းဆိုးတန်းဆိပ်ကမ်းမှ ဒလဆိပ်ကမ်းသို့ ခရီးသည်များတင်ဆောင် မောင်းနှင် လာသည့် ပြည်တွင်းရေကြောင်းအပိုင် ချယ်ရီ(၂)ရေယာဉ်အား PDF အမည်ခံ အကြမ်းဖက်သမားများက ဒေသန္တရလက်လုပ်မိုင်းတစ်လုံးဖြင့် ဖောက်ခွဲဖျက်ဆီး ခဲ့ကြောင်း၊ မိုင်းပေါက်ခွဲမှုကြောင့် ရေယာဉ်ပေါ်တွင် စီးနင်းလိုက်ပါလာသည့် အပြစ်မဲ့ခရီးသွားပြည်သူ ၁၇ ဦး မိုင်းစထိမှန်ဒဏ်ရာများ ရရှိခဲ့ကြောင်းနှင့် ဒဏ်ရာရလူနာများအား ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ဆေးကုသမှု ခံယူစေလျက်ရှိကြောင်း သိရှိရသည်။

ယင်းသို့ ဖောက်ခွဲဖျက်ဆီးခဲ့သော PDF အမည်ခံအကြမ်းဖက် သမား များအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင် များက စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိသည်။