ကျန်းမာရေးဝန်ထမ်းများသို့ အသိပေးကြေညာချက်
ဆေးတက္ကသိုလ်(၁)တွင် တာဝန်ထမ်းဆောင်ခဲ့၍ ဆေးကုသမှုမရှိသော ဆေးပညာရှင် ဦးဇော်ဝေစိုးသည် လွှတ်တော်ကိုယ်စားလှယ်အဖြစ် တရားဝင်ရပ်တည်ပိုင်ခွင့် မရှိသေးသူများက နိုင်ငံတော်သစ္စာဖောက်ဖျက်ပုန်ကန်မှုကိုကျူးလွန်လျက် တရားမဝင်ဖွဲ့စည်းထားသည့် “ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီ” (CRPH)တွင် ကိုယ်တိုင်ပါဝင်ဆောင်ရွက်လျက်ရှိကြောင်းနှင့် ကျန်းမာရေးဝန်ထမ်းများအားလည်း ၎င်းနှင့်ပူးပေါင်းဆောင်ရွက်လာစေရန် နည်းမျိုးစုံဖြင့် စည်းရုံး ဆောင်ရွက်နေကြောင်း တွေ့ရှိရပါသည်။
ဦးဇော်ဝေစိုး ကျူးလွန်ခဲ့သည့် ပြစ်မှုများနှင့်စပ်လျဉ်း၍ ပြည်ထဲရေးဝန်ကြီးဌာနက အမှုဖွင့်လှစ် အရေးယူဆောင်ရွက်ထားကြောင်းနှင့် ၎င်းဆက်လက် ကျူးလွန်ခဲ့သည့် နိုင်ငံတော်သစ္စာဖောက်ဖျက်ပုန်ကန်မှုအတွက် ထိရောက်စွာ ဆက်လက်အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရှိရသဖြင့် ကျန်းမာရေးဝန်ထမ်းများအနေဖြင့် ၎င်းအား အားပေး ကူညီရာရောက်သည့် ပြုမူဆောင်ရွက်ခြင်းမျိုးကို မလုပ်ဆောင်မိကြစေရန်နှင့် ယင်းသို့ဆောင်ရွက် ပါက ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးကြေညာအပ်ပါသည်။
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန