ပန်းဆိုးတန်းဆိပ်ကမ်းမှဒလဆိပ်ကမ်းသို့ထွက်ခွာမောင်းနှင်လာသည့်ချယ်ရီ(၂)ရေယာဉ်အားNUG၊CRPHတို့၏လက်ဝေခံPDFအမည်ခံအကြမ်းဖက်သမားများကဒေသန္တရလက်လုပ်မိုင်းဖြင့်အကြောင်းမဲ့လူမဆန်စွာမိုင်းထောင်ဖောက်ခွဲခဲ့မှုနှင့်ပတ်သက်၍သဘောထားထုတ်ပြန်ချက်များအသီးသီးထုတ်ပြန်

Monday, December 19, 2022 - 14:15

          ပန်းဆိုးတန်းဆိပ်ကမ်းမှ ဒလဆိပ်ကမ်းသို့ ထွက်ခွာမောင်းနှင်လာသည့် ချယ်ရီ(၂)ရေယာဉ်အား ဒီဇင်ဘာ ၁၈ ရက် ညနေပိုင်းတွင် NUG CRPH တို့၏ လက်ဝေခံ PDF အမည်ခံ အကြမ်းဖက်သမားများက ဒေသန္တရလက်လုပ် မိုင်းဖြင့် အကြောင်းမဲ့ လူမဆန်စွာ မိုင်းထောင် ဖောက်ခွဲခဲ့သဖြင့် အပြစ်မဲ့ခရီးသွားပြည်သူ (၁၇) ဦး မိုင်းစထိမှန် ဒဏ်ရာများရရှိခဲ့ပါသည်။

          အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ဗုဒ္ဓဘာသာကလျာဏယုဝအသင်းYMBA(ဗဟို)၊ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ၊ မြန်မာနိုင်ငံစာရေးဆရာအသင်းနှင့် မြန်မာနိုင်ငံ ဟာသပညာရှင်များအစည်းအရုံးများက လက်မခံနိုင်ပါကြောင်းနှင့် ပြင်းထန်စွာ ရှုတ်ချပါကြောင်း သဘောထားများ အသီးသီးထုတ်ပြန်ခဲ့ကြကြောင်း သတင်း ရရှိသည်။