အကြမ်းဖက်လုပ်ရပ်များလုပ်ဆောင်ရန်ရည်ရွယ်၍မော်တော်ယာဉ်ဖြင့် သယ်ဆောင် လာသည့် PDF အမည်ခံ အကြမ်းဖက်အဖွဲ့များ၏ လက်နက်နှင့် အခြားဆက်စပ် ပစ္စည်းများအား ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဟိုပုံးမြို့နယ်၊ မိုင်းပျဉ်းကျေးရွာအုပ်စု ၊ ဆော်တောကျေးရွာအနီး သိမ်းဆည်းရမိ နေပြည်တ

Sunday, December 18, 2022 - 14:45

NUG နှင့် CRPH တို့၏ ညွှန်ကြားမှုဖြင့် PDF အမည်ခံအကြမ်းဖက်သမားများ သည် တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့တွင်  ရဟန်း၊ သံဃာတော်များ၊ အစိုးရ ဝန်ထမ်းများနှင့်တိုင်းရင်းသားပြည်သူများအား အကြမ်းဖက်ဖမ်းဆီးသတ်ဖြတ်ခြင်း၊   ဆက်ကြေးကောက်ခံခြင်း၊ အစိုးရယန္တရားများ ပျက်ပြားစေရန် နိုင်ငံတော်ပိုင် အဆောက်အဦများ၊ အများပြည်သူ သွားလာလျက်ရှိသော လမ်း၊ တံတားများအား မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခြင်း လုပ်ဆောင်လျက်ရှိသည်။

ထိုသို့လုပ်ဆောင်လျက်ရှိသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ရှာဖွေဖော်ထုတ် သိမ်းဆည်းရမိရေးကြိုးပမ်းဆောင်ရွက်လျက်ရှိရာ တည်ငြိမ်အေးချမ်းမှုကို ပျက်ပြား စေသောလုပ်ရပ်နှင့် အကြမ်းဖက်မှုလုပ်ရပ်များကို မလိုလားသည့် ဒေသခံတိုင်းရင်း သားပြည်သူများ၏ လျှို့ဝှက်သတင်းပေးပို့ချက်အရ အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်ရန်အတွက် PDFအမည်ခံအကြမ်းဖက်သမားများ လျှို့ဝှက်သယ်ဆောင် လာသော လက်နက်များနှင့် ဆက်စပ်ပစ္စည်များ တင်ဆောင်လာသည့် မော်တော် ယာဉ်သည် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဟိုပုံးမြို့နယ်၊ မိုင်းပျဉ်းကျေးရွာအုပ်စုအနီး ရောက်ရှိနေကြောင်း သိရှိရသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဒီဇင်ဘာ ၁၇ ရက် တွင်  အချိန်မီ ပိတ်ဆို့ ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့သည်။

          ဖြစ်စဉ်မှာ အကြမ်းဖက်မှုလုပ်ရပ်များကို မလိုလားသည့် ဒေသခံတိုင်းရင်း သားပြည်သူများ၏ လျှို့ဝှက်သတင်းပေးပို့ချက်အရ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဟိုပုံးမြို့နယ်၊ မိုင်းပျဉ်းကျေးရွာအုပ်စုအနီး လုံခြုံရေးဆောင်ရွက်နေသည့် တပ်ဖွဲ့ဝင် များသည် ဆော်တောကျေးရွာ၏ အရှေ့ဘက် ၂ မိုင်ခန့်အကွာ၌ လုံခြုံရေး လုပ်ငန်းများ ဆောင်ရွက်နေစဉ် ဒီဇင်ဘာ ၁၇ ရက် နံနက် ၉ နာရီခန့်တွင် ပင်လုံမြို့၊ ဆနင်းကျေးရွာဘက်မှ ရပ်စောက်မြို့နယ်၊ ပင်ဖြစ်ကျေးရွာဘက်သို့ မောင်းနှင်လာ သည့် ဒိုင်နာအမျိုးအစား တစ်ပါ (အပြာရောင်) ၆ ဘီးယာဉ် ၁ စီးအား မသင်္ကာဖွယ် တွေ့ရှိသဖြင့် ရပ်တန့်စေခဲ့ရာ ရပ်တန့်မှုမရှိဘဲ  မောင်းနှင်ထွက်ပြေးသွားသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုက်လံဖမ်းဆီးခဲ့ရာ မော်တော်ယာဉ်မှာ ရပ်တန့် သွား ခဲ့ပြီး အကြမ်းဖက်သမားများ ထွက်ပြေးသွားခဲ့သည်။

          အဆိုပါရပ်တန့်သွားသည့် မော်တော်ယာဉ်အား လုံခြုံရေးတပ်ဖွဲ့ဝင်များက စစ်ဆေးရှာဖွေခဲ့ရာ အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်ရန်အတွက် PDFအမည်ခံ အကြမ်းဖက်သမားများ လျှို့ဝှက်သယ်ဆောင်လာသော   Type-81 အမျိုးအစား လက်နက် ၄၉၉ လက်၊ ၎င်းကျည်အိမ် ၄၉၈ ခုနှင့် အခြားဆက်စပ်ပစ္စည်းများကို သိမ်းဆည်းရမိခဲ့သည်။

အဆိုပါ သိမ်းဆည်းရမိလက်နက်များနှင့် ဆက်စပ်ပစ္စည်းများအား လုပ်ထုံး လုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပြီး လုံခြုံရေးတပ်ဖွဲ့ဝင် များအနေဖြင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးအတွက် လိုအပ်သည့် လုံခြုံရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ အကြမ်းဖက်အဖွဲ့များ၏ လှုပ်ရှားမှု သတင်းများ ရရှိပါက နီးစပ်ရာလုံခြုံရေးတပ်ဖွဲ့ဝင်များထံသို့ လျှို့ဝှက်စွာ သတင်းပေးပို့နိုင်ရန်နှင့် ရပ်ရွာတည်ငြိမ်အေးချမ်းအတွက် ပြည်သူတစ်ရပ်လုံး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက် ပေးနိုင်ပါရန် သတင်းထုတ်ပြန်အပ်ပါသည်။