သထုံမြို့မှ ပဲခူး- မြို့ဟောင်း ခရီးစဉ်အဖြစ် ထွက်ခွာလာသည့် မီးရထားအား KNLA အဖွဲ့မှ အကြမ်းဖက်မှုကိုလိုလားသူများနှင့် PDF အမည်ခံအကြမ်းဖက်သမားများက ဒေသန္တရ လက်လုပ်ရီမုမိုင်းဖြင့် မိုင်းထောင်ဖောက်ခွဲဖျက်ဆီးတိုက်ခိုက်
နေပြည်တော်၊ ဒီဇင်ဘာ - ၁၅
KNLA အဖွဲ့မှ အကြမ်းဖက်မှုကိုလိုလားသူများနှင့် PDF အမည်ခံအကြမ်းဖက် သမားများက အများပြည်သူ အသုံးပြုလျက် ရှိသည့် ကားလမ်း၊ ရထားလမ်းများကို မိုင်းထောင်၊ ဖောက်ခွဲဖျက်ဆီးခြင်း၊ မီးရှို့ခြင်းများ လုပ်ဆောင်လျက်ရှိရာ ဒီဇင်ဘာ ၁၃ ရက် ညနေ ၆ နာရီ ၃၅ မိနစ်ခန့်တွင် မွန်ပြည်နယ်၊ သထုံမြို့မှ အိမ်ဆောက်ပစ္စည်းများ တင်ဆောင်လာသည့် သထုံ- ပဲခူး- မြို့ဟောင်း ခရီးစဉ်အဖြစ် ထွက်ခွာလာသည့် အမှတ်(၂၇၂)အစုန် ကုန်ရထားတွဲဆိုင်းသည် သထုံ မြို့နယ်၊ သိမ်ဆိပ်နှင့် ဒုံဝန်းအကြား မီးရထားလမ်း မိုင်တိုင်(၁၂၄/၉-၁၀)သို့အရောက်၌ KNLA အဖွဲ့မှ အကြမ်းဖက်မှု ကိုလိုလားသူများနှင့် PDF အမည်ခံအကြမ်းဖက်သမားများက အဝေးထိန်းခလုတ်ဖြင့် ရီမုမိုင်း ၁ လုံး ဖောက်ခွဲခဲ့မှုကြောင့် ကုန်ရထားတွဲ(၁၀)တွဲ လမ်းချော် တိမ်းမှောက် ခဲ့ကြောင်းသိရှိရသည်။
ထိုသို့ မိုင်းထောင်ဖောက်ခွဲမှုကြောင့် ၎င်းတွဲဆိုင်းများပေါ်တွင် တင်ဆောင် ထားသည့် အိမ်ဆောက်ပစ္စည်းများပျက်စီးဆုံးရှုံးခဲ့ပြီး ရထားသံလမ်း ၂၂ ချောင်း၊ ကွန်ကရစ်ဇလီဖားတုံး ၁၈၀ တုံး၊ သစ်သားဇလီဖားတုံး ၃၀ တုံး၊ တွဲနှောင်ပစ္စည်းများ ပျက်စီးဆုံးရှုံးခဲ့ကြောင်းနှင့် ရန်ကုန်နှင့် မော်လမြိုင်တို့မှ ထွက်ခွာမည့် အမြန်ရထား ခရီးစဉ်(၆)ခုတို့အား ဖျက်သိမ်းခဲ့ရသဖြင့် ခရီးသွားပြည်သူ ၄၅၀၀ ဦးခန့် အခက်အခဲ ကြုံတွေ့ခဲ့ရကြောင်း သိရှိရသည်။
အဆိုပါ KNLA အဖွဲ့မှ အကြမ်းဖက်မှုကိုလိုလားသူများနှင့် PDF အမည်ခံ အကြမ်းဖက်သမားများ မိုင်းထောင်ဖောက်ခွဲမှုကြောင့် မီးရထားသံလမ်းများ ပျက်စီး ခဲ့ရသည့်အတွက် မီးရထားလမ်းပိုင်းအား အမြန်ဆုံးဖွင့်လှစ် ပြေးဆွဲနိုင်ရေးအတွက် မြန်မာ့မီးရထားမှ တာဝန်ရှိသူများက လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် အတူ ပြန်လည်ပြုပြင် မှုများကို အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်းနှင့် အများပြည်သူ အသုံးပြု လျက်ရှိသည့် ဆက်သွယ်ရေးလမ်းကြောင်းများကို ဖောက်ခွဲ ဖျက်ဆီးခဲ့သော KNLA အဖွဲ့မှ အကြမ်းဖက်မှုကိုလိုလားသူများနှင့် PDF အမည်ခံ အကြမ်းဖက်သမားများအား အမြန်ဆုံးဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
ထိုသို့ KNLA အဖွဲ့မှ အကြမ်းဖက်မှုကိုလိုလားသူများနှင့် PDF အမည်ခံ အကြမ်းဖက်သမားများ မိုင်းထောင်ဖောက်ခွဲ ဖျက်ဆီးခြင်းများ လုပ်ဆောင်လျက်ရှိရာ ယနေ့ထိ မီးရထားလမ်းများအား မိုင်းခွဲဖျက်ဆီးခြင်း စုစုပေါင်း(၁၀၂)ကြိမ်၊ မီးရထား လမ်းတံတားများအား မိုင်းခွဲဖျက်ဆီးခြင်း စုစုပေါင်း(၃၄)ကြိမ်နှင့် မီးရထားဘူတာ များအား မီးရှို့ဖျက်ဆီးခြင်း စုစုပေါင်း(၉)ကြိမ် ပြုလုပ်ခဲ့ကြောင်း၊ ယခုကဲ့သို့ အများ ပြည်သူ အသုံးပြုလျက်ရှိသည့် ခရီးသည်ပို့ဆောင်ရေးနှင့် ကုန်စည်ပို့ဆောင်ရေး ရထားခရီးစဉ်များ၊ ရထားလမ်းများ၊ တံတားများ၊ ဘူတာများကို ယုတ်မာ ရက်စက် စွာဖြင့် မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခြင်း၊ မီးရှို့ဖျက်ဆီးခြင်း စသည့် အကြမ်းဖက် လုပ်ရပ်များ လုပ်ဆောင်ခဲ့ကြသည့် KNLA အဖွဲ့မှ အကြမ်းဖက်မှုကို လိုလားသူများနှင့် PDF အမည်ခံအကြမ်းဖက်သမားများအား ပြည်သူတစ်ရပ်လုံးမှ ပြင်းထန်စွာ ဆန့်ကျင် ကန့်ကွက်ရှုတ်ချလျက်ရှိကြောင်းသတင်းရရှိသည်။