ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်အတွင်း၌ သေဆုံးနေသည့် အမျိုးသား အလောင်း  ၁၃ လောင်း တွေ့ရှိ နေပြည်တော်၊ ဒီဇင်ဘာ - ၅

Monday, December 5, 2022 - 15:30

 

          ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ ဘားလားကျေးရွာအုပ်စု၊ ငွေနံ့သာ ကျေးရွာမှ အမှတ်(၇)လမ်းမကြီးသို့ ဆက်သွယ်ထားသော ကားလမ်းဘေး၌ သေဆုံး နေသည့် အမျိုးသား အလောင်း  ၁၃ လောင်းကို ယနေ့နံနက် ၇ နာရီခန့်တွင် တွေ့ရှိရ ကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူး၏ သတင်းပို့ချက်အရ သိရှိရသည်။

          ကျေးရွာအုပ်ချုပ်ရေးမှူး၏ သတင်းပေးပို့ချက်အရ နယ်မြေခံလုံခြုံရေးတပ်ဖွဲ့ဝင် များက အဆိုပါနေရာသို့ သွားရောက်စစ်ဆေးခဲ့ရာ ရေများစိုနေပြီး လက်ဖျားများ နူးပွ နေသည့် အမျိုးသား အလောင်း ၁၃ လောင်းကို တွေ့ရှိခဲ့ရသဖြင့် ရန်ကုန်ပြည်သူ့ ဆေးရုံကြီးသို့ ပို့ဆောင်၍ လိုအပ်သည့် စစ်ဆေးမှုများကို ဆောင်ရွက်လျက်ရှိသည်။

          အထက်ပါ ဖြစ်စဉ်နှင့်ပတ်သက်၍ ဖြစ်စဉ်မှန်ပေါ်ပေါက်ရေး သေမှုသေခင်း ဖွင့်လှစ်ကာ လိုအပ်သည်များ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိ သည်။