ပထမအကြိမ် မြန်မာ-ရုရှား ပူးတွဲအကြမ်းဖက်မှုတိုက်ဖျက်ရေး ကော်မတီအစည်းအဝေး ကျင်းပ နေပြည်တော်၊ နိုဝင်ဘာ ၃၀

Wednesday, November 30, 2022 - 16:00

 

ပထမအကြိမ် မြန်မာ-ရုရှား ပူးတွဲအကြမ်းဖက်မှုတိုက်ဖျက်ရေးကော်မတီ အစည်းအဝေးကို ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ Hilton Hotel ၌ ကျင်းပ သည်။

အစည်းအဝေးသို့ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနှင့် ကော်မတီဝင် မြန်မာ့တပ်မတော်မှ အရာရှိကြီးများတက်ရောက်ကြပြီး ရုရှားတပ်မတော်၊ စစ်ဦးစီးချုပ်ရုံးအကြီးအကဲနှင့် ပထမဒုတိယကြည်းတပ်ဦးစီးချုပ် Colonel-General Kim Alexey Rostislavovich နှင့် ကော်မတီဝင်ရုရှားတပ်မတော်မှ အရာရှိကြီးများတက်ရောက်ကြသည်။

ရှေးဦးစွာ ပထမအကြိမ် မြန်မာ-ရုရှား အကြမ်းဖက်မှုတိုက်ဖျက်ရေးကော်မတီ ပူးတွဲဥက္ကဌများဖြစ်ကြသည့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနှင့် ရုရှားတပ်မတော်၊ စစ်ဦးစီးချုပ်ရုံးအကြီးအကဲနှင့် ပထမဒုတိယ ကြည်းတပ် ဦးစီးချုပ် Colonel-General Kim Alexey Rostislavovich တို့က နှုတ်ခွန်းဆက် စကားများပြောကြားကြသည်။

ထို့နောက်  အကြမ်းဖက်မှုတိုက်ဖျက်ရေးကော်မတီပူးတွဲဥက္ကဌနှစ်ဦးက အစည်း အဝေးအစီအစဉ်အားအတည်ပြုကြပြီး အစည်းအဝေးတက်ရောက်လာသူများနှင့် အတူ အမှတ်တရစုပေါင်းဓာတ်ပုံရိုက်ကြသည်။

အစည်းအဝေးတွင် မြန်မာ-ရုရှား အကြမ်းဖက်မှုတိုက်ဖျက်ရေး ပူးပေါင်း ဆောင်ရွက်မှုဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ နှစ်ဖက်ရင်းနှီးပွင့်လင်းစွာ အမြင်ခြင်း ဖလှယ်အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်းသတင်းရရှိသည်။