ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
၂၀၂၂ ခုနှစ်၊ ပြည်ထောင်စု၏အခွန်အကောက်ဥပဒေကိုပြင်ဆင်သည့်ဥပဒေ
(နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥပဒေအမှတ် ၄၈ / ၂၀၂၂)
၁၃၈၄ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်
(၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၁၇ ရက်)
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၁၉ အရ ဤဥပဒေကို ပြဋ္ဌာန်းလိုက်သည်။
၁။ ဤဥပဒေကို ၂၀၂၂ ခုနှစ်၊ ပြည်ထောင်စု၏အခွန်အကောက်ဥပဒေကို ပြင်ဆင်သည့် ဥပဒေဟု ခေါ်တွင်စေရမည်။
၂။ (က) ဤဥပဒေ၏ ပုဒ်မ ၃ နှင့် ပုဒ်မ ၄ ပါ ကိစ္စရပ်များသည် ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့မှ ၂၀၂၃ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့ အထိ အကျိုးသက်ရောက်စေရမည်။
( ခ) ဤဥပဒေ၏ ပုဒ်မ ၅ ပါ ကိစ္စရပ်သည် ၂၀၂၂ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့မှ ၂၀၂၃ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့ အထိ အကျိုးသက်ရောက်စေရမည်။
၃။ ၂၀၂၂ ခုနှစ်၊ ပြည်ထောင်စု၏အခွန်အကောက်ဥပဒေ ပုဒ်မ ၁၁၊ ပုဒ်မခွဲ (က) အထူး ကုန်စည်ခွန်ကျသင့်စေသည့် ဇယားအမှတ်စဉ် ၁၂ (က)၊ (ခ) နှင့် (ဂ) တို့တွင် ပါရှိသော “လျှပ်စစ်ကားများမှအပ” ဆိုသည့် စကားရပ်ကို “ဘက်ထရီလျှပ်စစ်ကား (Battery Electric Vehicle (BEV)] များမှအပ" ဆိုသည့် စကားရပ်ဖြင့် အစားထိုးရမည်။
၄။ ၂၀၂၂ ခုနှစ်၊ ပြည်ထောင်စု၏အခွန်အကောက်ဥပဒေ ပုဒ်မ ၁၄၊ ပုဒ်မခွဲ (က) ကုန်သွယ်လုပ်ငန်းခွန် မကျသင့်စေသည့် ကုန်စည်များဇယား၏ အမှတ်စဉ် ၄၅ နောက်၌ အမှတ်စဉ် ၄၆ ကို အောက်ပါအတိုင်း ဖြည့်စွက်ရမည် -
စဉ် |
ကုန်စည်အမျိုးအမည် |
၄၆ |
ဘက်ထရီလျှပ်စစ်ကား [Battery Electric Vehicle (BEV)] နှင့် ယင်း၏ ဘက်ထရီ။ |
၂
၅။ ၂၀၂၂ ခုနှစ်၊ ပြည်ထောင်စု၏အခွန်အကောက်ဥပဒေ ပုဒ်မ ၂၃ ၏ နောက်၌ ပုဒ်မ ၂၃-ကအဖြစ် အောက်ပါအတိုင်း ဖြည့်စွက်ရမည် -
“၂၃-က။ ပုဒ်မ ၂၃၊ ပုဒ်မခွဲ (က) တွင် မည်သို့ပင်ပါရှိစေကာမူ မြန်မာနိုင်ငံ၏ ရေနံနှင့် သဘာဝဓာတ်ငွေ့ ရှာဖွေတူးဖော်ထုတ်လုပ်ခြင်းကဏ္ဍတွင် ပါဝင်လုပ်ကိုင်သည့် ပုဂ္ဂိုလ်စုဖြစ်ပါက ဝင်ငွေခွန်ဥပဒေ ပုဒ်မ ၆ အရ သက်သာခွင့်များ နုတ်ပယ် ခြင်းမပြုဘဲ စုစုပေါင်း အသားတင်အမြတ်ဝင်ငွေအပေါ် ၂၅ ရာခိုင်နှုန်းဖြင့် ဝင်ငွေခွန် စည်းကြပ်ရမည်။"
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၁၉ အရ ကျွန်ုပ်လက်မှတ်ရေးထိုးသည်။
(ပုံ)မင်းအောင်လှိုင်
ဗိုလ်ချုပ်မှူးကြီး
ဥက္ကဌ
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ