နေပြည်တော်၊ မတ် - ၃
YMBA ဗုဒ္ဓဘာသာကလျာဏယုဝအသင်း(ဗဟို)မှ မဟာမင်္ဂလဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော် (၁၄၂)ပါးမြောက်ဘွဲ့ရရှိတော်မူသော တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့၊ အောင်သီရိဘုရားကုန်းကျောင်းရှိ သာသနာ့နွယ်ဝင် သီလရှင်ဆရာကြီး ဒေါ်ဓမ္မထေရ်ရီ အား ဘွဲ့တံဆိပ်တော် ဆက်ကပ်ခြင်းနှင့် သြဝါဒခံယူခြင်းမင်္ဂလာကို ယနေ့နံနက်ပိုင်းတွင် အဆိုပါကျောင်းရှိ သာသနာ့ဝံသဓမ္မာဗိမာန်တော်ကြီး၌ ပြုလုပ်ရာ
ထားဝယ်မြို့၊ ဇေယျဝတီကျောင်းတိုက်ဆရာတော် ပဓာနနာယက အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက ဘွဲ့တံဆိပ်တော်ရ အဂ္ဂမဟာကမ္မဌာနာစရိယ ဘဒ္ဒန္တအရိန္ဒမအမှူးပြုသော သံဃာတော်များ ကြွရောက်တော်မူကြပြီး ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် စောသန်းလှိုင်နှင့် အဖွဲ့ဝင်များ၊YMBA ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (ထားဝယ်)မှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက ထားဝယ်မြို့၊ မြေတိုက်ကျောင်း ဆရာတော် ဘဒ္ဒန္တကလျာဏထံမှ ငါးပါးသီလခံယူဆောက်ကြသည်။ ထို့နောက့် YMBA ဗုဒ္ဓဘာသာကလျာဏယုဝအသင်း(ဗဟို)မှ မဟာမင်္ဂလ ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော် (၁၄၂)ပါးမြောက်ဘွဲ့ရရှိတော်မူသော သာသနာ့နွယ်ဝင် သီလရှင်ဆရာကြီး ဒေါ်ဓမ္မထေရ်ရီ အား တိုင်းမှူး ဗိုလ်မှူးချုပ် စောသန်းလှိုင်၊့ြဗြ ဗုဒ္ဓဘာသာကလျာဏ ယုဝအသင်း (ထားဝယ်)မှ နာယကဆရာကြီး ဦးလှိုင်ကြည်တို့က ဘွဲ့တံဆိပ်တော် ဆက်ကပ်ကြ သည်။
၎င်းနောက် တိုင်းမှူးနှင့် တက်ရောက်လာကြသူများက ဆရာတော်ကြီးများထံမှ သြဝါဒခံယူကြပြီး သံဃာတော်များအား သင်္ကန်း၊ လှူဖွယ်ဝတ္တုငွေနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။