နေပြည်တော်၊ မတ် - ၃
တိုင်းဒေသကြီးနှင့် မြို့နယ်များအတွင်းရှိ ရပ်ကွက်၊ ကျေးရွာများတွင် ရပ်ရွာ အေးချမ်းသာယာရေးနှင့်တရားဥပဒေစိုးမိုးရေးအား ပျက်ပြားစေရန်ရည်ရွယ်ချက်ဖြင့် ရပ်ကွက်၊ ကျေးရွာစီမံအုပ်ချုပ်ရေးအဖွဲ့များ ခန့်အပ်ထားရှိမှုအပေါ် ကျေနပ်မှုမရှိသည်ကို အကြောင်းပြ၍ ရပ်ကွက်/ကျေးရွာ စီမံအုပ်ချုပ်ရေးမှူးများအား ဖိအားပေးခြင်း၊ စီမံအုပ်ချုပ်ရေးမှူးရုံးများတွင် အုပ်စုဖွဲ့ပြီး ရမ်းကားဆန္ဒပြခြင်း၊ စီမံအုပ်ချုပ်ရေးရုံး ဆိုင်းဘုတ်များ ဖြုတ်ချခြင်း၊ အဖျက်အမှောင့် စာများ ရေးသား၍ ရုံးရှေ့တွင် ချိတ်ဆွဲခြင်း၊ သစ်သားချောင်းများဖြင့် ရိုတ်ပိတ်ခြင်း၊ ရုံးအဝင် တံခါးများအား သော့ခတ်ခြင်း၊ တံခါးများအား သံချောင်းများဖြင့် ဂဟေဆော်ပိတ်ခြင်းများအား မင်းမဲ့စရိုတ်ဆန်ဆန် ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ဆောင်ရွက်လာခြင်းကြောင့် ရပ်ကွက်၊ ကျေးရွာနေ ပြည်သူလူထုများအနေဖြင့် ဥပဒေ၏ အကာအကွယ်ကို မရရှိသည့်အပြင် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်မှုယန္တရားယိုယွင်းမှု များ ဖြစ်ပေါ်လာနိုင်ကြောင်း တွေ့ရှိရသဖြင့် ရပ်ကွက်၊ ကျေးရွာနေ ပြည်သူလူထုနှင့် ရပ်မိရပ်ဖ များ၏ တောင်းဆိုချက်အရ အထက်ပါဖြစ်စဉ်များဖြစ်ပွားခဲ့သည့်နေရာများတွင် ဆူပူမှုဖြစ်ပေါ် အောင် လှုံ့ဆော်သူများနှင့် ဆူပူမှုတွင် ပါဝင်ပတ်သက်သူများအား တရားဥပဒေနှင့်အညီ အရေးယူနိုင်ရေး ဆောင်ရွက်ခဲ့သည်။ အဆိုပါ ဥပဒေမဲ့ လုပ်ရပ်များလုပ်ဆောင်ပြီး ပိတ်ထားသည့် တောင်တွင်းကြီးမြို့နယ်၊ ဆတ်သွားကျေးရွာ၊ မြို့သစ်မြို့နယ်၊ ဘုရားကြီးရပ်ကွက်၊ မကွေးမြို့နယ်၊ အောင်ရတနာရပ်ကွက်၊ နတ်မောက်မြို့နယ်၊ ရွာတော်ကျေးရွာတို့ရှိ ရပ်ကွက်/ကျေးရွာစီမံအုပ်ချုပ်ရေးမှူးရုံးများသို့ မတ် ၂ ရက်နှင့် ယနေ့တို့တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ရပ်မိ/ရပ်ဖများနှင့် ရပ်ကွက်နေပြည်သူများနှင့် ဆွေးနွေးညှိနှိုင်းမှုများပြုလုပ်ပြီး အုပ်ချုပ်မှု ယန္တရားများ မှန်ကန်စွာအကောင်အထည်ဖော်နိုင်ရေးအတွက် ရပ်ကွက်^ကျေးရွာ စီမံအုပ်ချုပ် ရေးမှူးရုံးများအား ပြန်လည်ဖွင့်လှစ်ပေးနိုင်ခဲ့ကြောင်း သတင်းရရှိသည်။