ငပုတောမြို့နယ်၊ သင်္ကန်းကုန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံးနှင့် ခြံစည်းရိုးတံခါးများအား သော့ခတ်ခြင်းများအား ပြုလုပ်ခဲ့သည့် ဆူပူဆန္ဒပြသူများအား အမှုဖွင့်အရေးယူ

Wednesday, March 31, 2021 - 14:30

နေပြည်တော်၊ မတ် - ၃

ဆူပူဆန္ဒပြသူများအနေဖြင့် အစိုးရအုပ်ချုပ်မှုယန္တရားကို ဟန့်တားနှောင့်ယှက်မှုများ ပြုလုပ်လျက်ရှိသည့်အပြင် အေးချမ်းစွာနေထိုင်လိုသည့် ပြည်သူများကိုလည်း ဖိအားပေး ခြိမ်းခြောက်ခြင်း၊ နှောင့်ယှက်ဟန့်တားခြင်းများစသည့်တို့ကို ပြုလုပ်လျက်ရှိသည်။

ထိုသို့ဥပဒေမဲ့လုပ်ရပ်များကို ကျူးလွန်လျက်ရှိရာ မတ် ၂ ရက် ညနေ ၃ နာရီခန့်တွင် ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်၊ သင်္ကန်းကုန်းကျေးရွာအုပ်စုနေ အောင်မိုး၊ ဇော်မိုး တို့ ဦးဆောင်သည့် ဆန္ဒပြသူလူတစ်စုက ကျေးရွာအုပ်ချုပ်ရေးမှူးရုံးနှင့် ခြံစည်းရိုး တံခါးများအား သော့ခတ်ခြင်းများ ပိတ်ပင်းခြင်းများ ဆောင်ရွက်နေကြောင်း သိရှိရသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင် များနှင့် တာဝန်ရှိသူများက သော့များရိုက်ဖွင့်ပြီး သော့အသစ်များ လဲလှယ်တပ်ဆင်ပေးခဲ့သည်။ အထက်ပါဖြစ်စဉ်နှင့်ပတ်သက်၍ အစိုးရအုပ်ချုပ်မှုလုပ်ငန်းယန္တရားအား ဟန့်တား နှောင့်ယှက်ခြင်း၊ ကျေးရွာအေးချမ်းသာယာရေးနှင့်တရားဥပဒေစိုးမိုးရေး ပျက်ပြားစေရန် ရည်ရွယ်၍ ဆူပူဆန္ဒပြ ဦးဆောင်သူများနှင့်ပါဝင်ပတ်သက်သူများအား ဖမ်းဆီးရမိရေးနှင့် ဥပဒေအရ အရေးယူဆောင်ရွက်နိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိ သည်။