ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ မြန်မာနိုင်ငံကြက်ခြေနီအသင်းမှတဆင့်လှူဒါန်းသည့် ကလေးများတွင်ထိုးနှံနိုင်သည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Pfizer Vaccine (၁၀၀,၀၀၀) doses နှင့် ဆေးထိုးအပ်များရောက်ရှိ ရန်ကုန်၊ ၂၀၂၂ အောက်တိုဘာ ၂၁

Friday, October 21, 2022 - 16:15

ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံ၏ကိုဗစ်-၁၉ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အထောက်အကူဖြစ်စေရန် မြန်မာနိုင်ငံကြက်ခြေနီအသင်းမှတဆင့်လှူဒါန်းသည့် ကလေးများတွင် ထိုးနှံနိုင်သည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Pfizer Vaccine (၁၀၀,၀၀၀) doses နှင့် ဆေးထိုးအပ်များသည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ရောက်ရှိရာ ကျန်းမာရေးဝန်ကြီးဌာန၊ ရန်ကုန်တိုင်းပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာ နိုင်ငံကြက်ခြေနီအသင်းမှ တာဝန်ရှိပုဂ္ဂိုလ်မျာနှင့် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံရုံးမှ ကိုယ်စား လှယ်များသည် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင်ကာကွယ်ဆေးများအား လွှဲပြောင်း လက်ခံခဲ့သည်။

ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နှီးနွယ်ဝန်ကြီးဌာနများ၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် ကိုဗစ်-၁၉ ကာကွယ်ဆေးအား အခြေခံပညာကျောင်းသား/သူများအား ထိုးနှံပေးခဲ့ရာ အကြိမ်ပြည့် ထိုးနှံပြီးစီးမှု (၉၄.၃၅) ရာခိုင်နှုန်းရှိပြီး ကျောင်းပြင်ပကလေးများအား အကြိမ်ပြည့် ထိုးနှံပြီးစီးမှု (၇.၈၉) ရာခိုင်နှုန်းရှိပြီဖြစ်သည်။ ယခုထိုင်းနိုင်ငံမှလှူဒါန်းသည့် ကလေးများတွင် ထိုးနှံနိုင်သည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Pfizer Vaccine များအား အသက် (၅) နှစ်မှ (၁၁) နှစ်အတွင်းရှိ ကာကွယ်ဆေးမထိုးနှံရသေးသော အခြေခံပညာကျောင်းသား/သူများနှင့် ကျောင်းပြင်ပ ကလေးများ အား ထိုးနှံပေးနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။