ပြည်ပမှ ပြန်လည်ရောက်ရှိလာသူများအား တပ်မတော်ဆေးအဖွဲ့က Covid-19 ရောဂါနှင့် ပတ်သက်၍ ကျန်းမာရေးစစ်ဆေးပေးခြင်းများ ဆက်လက်ဆောင်ရွက်

Wednesday, March 31, 2021 - 14:00

 

နေပြည်တော်၊ မတ် - ၃

ပြည်ပမှ ပြန်လည် ဝင်ရောက်လာသည့် မွန်ပြည်နယ်နှင့်ကရင်ပြည်နယ်အတွင်းရှိ ဒေသခံပြည်သူများအား Covid-19 ရောဂါနှင့်ပတ်သက်၍လိုအပ်သည့်စစ်ဆေးမှုများ ပြုလုပ်ရန် အခက်အခဲဖြစ်ပေါ်လျက်ရှိသဖြင့် မော်လမြိုင်မြို့ရှိ တက္ကသိုလ်(၁၀)မြို့နယ်အဆောင်၌ Quarantine ထားရှိခဲ့သည်။

Quarantine ထားရှိသည့် ပြည်ပမှပြန်လည်ရောက်ရှိလာသူ ၉၁ ဦးကို ယနေ့နံနက်ပိုင်းတွင် အရှေ့တောင်တိုင်းစစ်ဌာနချုပ်၊ နယ်မြေခံတပ်မတော်ဆေးရုံမှ ဆရာဝန်များ၊ ပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြုများက မြို့နယ်စီမံအုပ်ချုပ်ကောင်စီအဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များနှင့်ပူပေါင်း၍ နှာခေါင်းတို့ဖက်၊ အာခေါင်တို့ဖတ်ရယူခြင်း၊ GSDS နည်းဖြင့် စစ်ဆေးခြင်းများကို ဆက်လက်ဆောင်ရွက်ခဲ့ကြောင်းသတင်းရရှိသည်။