ထားဝယ်မြို့အနီး မြန်မာ့ပင်လယ်ပြင်အတွင်း မီးလောင်မှုဖြစ်ပွားနေသည့် ငါးဖမ်းဝါး လတ်လှေတစ်စီးအား ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက် နေပြည်တော်၊ အောက်တိုဘာ - ၁၇

Monday, October 17, 2022 - 14:45

          တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့အနီး မြန်မာ့ပင်လယ်ပြင်အတွင်း လုံခြုံရေးဆောင်ရွက်နေသော တပ်မတော်(ရေ)မှ တပ်ဖွဲ့ဝင်များသည် ထားဝယ်မြို့၏  အနောက်မြောက်ဘက် ရေမိုင် ၆၄ မိုင်အနီး ငါးဖမ်းဝါးလတ်လှေတစ်စီး မီးလောင် နေကြောင်း သတင်းအရ အောက်တိုဘာ ၁၆ ရက် ၁၂ နာရီ ၄၀ မိနစ်ခန့်တွင် သွားရောက်ရှာဖွေစိစစ်ခဲ့ရာ လင်းတိုးတိုးအောင်(၃)အမည်ရှိ ငါးဖမ်းဝါးလတ်လှေ ၁ စီး မီးလောင်နေသည်ကို တွေ့ရှိခဲ့သဖြင့် ဒေသခံငါးဖမ်းလှေများနှင့်အတူ ဝိုင်းဝန်းမီးငြှိမ်း သတ်ခဲ့ပြီး လှေပေါ်ပါ လှေသား ၁၃ ဦးအား မိမိရေယာဉ်ပေါ်သို့ လွှဲပြောင်းတင် ဆောင်၍ ကျန်းမာရေးစစ်ဆေးပေးခြင်း၊ စားသောက်ဖွယ်ရာများနှင့် အဝတ်အထည် များ ပေးအပ်ကာ ကူညီကယ်ဆယ်ရေးဆောင်ရွက်ပေးခဲ့ကြောင်းနှင့် အဆိုပါ လှေသား များအား သက်ဆိုင်ရာသို့ စနစ်တကျလွှဲပြောင်းအပ်နှံသွားမည်ဖြစ်ကြောင်း သတင်းရရှိ သည်။