Saturday, October 15, 2022 - 15:15
ကျိုင်းတုံမြို့ရှိ အမှတ်(၅)အခြေခံပညာ အထက်တန်းကျောင်းအတွင်း၌ ကွန်ကရစ် လူသွားလမ်း ဖောက်လုပ်ပြီးစီးမှုကြည့်ရှု
နေပြည်တော်၊ အောက်တိုဘာ - ၁၅
တြိဂံဒေသတိုင်းစစ်ဌာနချုပ်နှင့် စေတနာရှင်အလှူရှင်းများမှ စုပေါင်း လှူဒါန်းသော ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ရှိ အမှတ်(၅)အခြေခံပညာ အထက်တန်းကျောင်းအတွင်း၌ ကွန်ကရစ်လူသွားလမ်း ဖောက်လုပ်ပြီးစီးမှု အခြေ အနေများကို ယနေ့နံနက်ပိုင်းတွင် တိုင်းမှူး ဗိုလ်ချုပ် နီလင်းအောင် အဖွဲ့ဝင်များက သွားရောက်ကြည့်ရှုပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်း ရရှိသည်။