KNLA တပ်မဟာ(၁) နှင့် NUG ၊ CRPH တို့၏လက်ဝေခံ PDF အမည်ခံ အကြမ်းဖက် သမားများက ကျိုက်ထီးရိုးဘုရား၊ ကင်မွန်းချောင်း တောင်တက်ကားဂိတ် အား လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အကြောင်းမဲ့ ရက်စက်မိုက်မဲစွာ လာရောက် ပစ်ခတ်၊ ဘုရားဖူး ပြည်သူ ၃ ဦးသေဆုံး၊ ၁၉ ဦးထိခိုက် ဒဏ်ရာရ

Wednesday, October 12, 2022 - 14:45

          မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ရှိ ကျိုက်ထီးရိုးဆံတော်ရှင်မြတ်စွာဘုရား၊ ကင်မွန်းချောင်း တောင်တက်ကားဂိတ် အား ယနေ့နံနက်ပိုင်းတွင် KNLA တပ်မဟာ (၁)နှင့် NUG ၊ CRPH တို့၏လက်ဝေခံ PDF အမည်ခံ အကြမ်းဖက်သမားများက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အကြောင်းမဲ့ ရက်စက်မိုက်မဲစွာ လာရောက် ပစ်ခတ်ခဲ့ရာ ဘုရားဖူးပြည်သူ ၃ ဦး သေဆုံးခဲ့ပြီး ၁၉ ဦးထိ ခိုက်ဒဏ်ရာရရှိခဲ့ ကြောင်းသိရှိရသည်။

          ဖြစ်စဉ်မှာ ဝါကျွတ်ကာလ အများပြည်သူများအေးချမ်းစွာ ကျိုက်ထီးရိုး ဆံတော်ရှင်မြတ်စွာဘုရားအား ဖူးမြော်ကုသိုလ်ယူ၍ စည်ကားလျက်ရှိစဉ် KNLA တပ်မဟာ (၁) နှင့် NUG၊ CRPH တို့၏ လက်ဝေခံ  PDF အမည်ခံအကြမ်းဖက်သမား ပူးပေါင်းအဖွဲ့တို့က ယနေ့နံနက် ၁၀ နာရီ ၂၅ မိနစ်ခန့်တွင်  ဆောင်နိုင်ကြီးရွာ ဘက်မှ မော်တော်ယာဉ် တစ်စီးဖြင့်ရောက်ရှိလာပြီး လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ကင်မွန်းချောင်း တောင်တက်ကားဂိတ်အား အကြောင်းမဲ့ ရက်စက်မိုက်မဲစွာ ပစ်ခတ် ကာ ဆောင်နိုင်ကြီး ရွာဘက်သို့ ပြန်လည် ထွက်ပြေးသွားခဲ့သည်။ ထို့သို့ပစ်ခတ်ခဲ့ခြင်း ကြောင့် ဘုရားဖူးလာ ရောက်ကြသည့် အပြစ်မဲ့ပြည်သူ အမျိုးသမီး ၃ ဦး သေဆုံးခဲ့ပြီး အမျိုးသား ၉ ဦး၊ အမျိုးသမီး ၁၀ ဦး စုစုပေါင်း ၁၉ ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့သည်။ ထိခိုက်ဒဏ်ရာရှိသူများကို လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် ဆေးဝါးကုသမှု များဆောင်ရွက်ပေးခဲ့ပြီး ကျိုက်ထိုမြို့ ပြည်သူ့ဆေးရုံ သို့ပို့ဆောင်ပေးခဲ့သည်။ ထွက်ပြေးသွားသည့် အကြမ်းဖက်သမားများအား ထိရောက်စွာအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ထပ်ကြပ်လိုက်လံချေမှုန်း လျက်ရှိကြောင်းသိရှိရသည်။

          NUG ၊ CRPH အနေဖြင့် ဝါကျွတ်ကာလအတွင်း နိုင်ငံအနှံအပြားရှိ ဘုရားကျောင်းကန်များ၊ အပန်းဖြေစခန်းများတွင် အများပြည်သူများ စည်ကား သိုက်မြိုက်စွာဖြင့် အေးချမ်းပျော်ရွှင်စွာ ဘုရားဖူးခြင်း၊ အပန်းဖြေအနားယူနေခြင်း တို့အပေါ် မရှုဆိတ်သော အောက်တန်းကျသည့် စိတ်ဓာတ်ဖြင့် အဖျက်အမှောင့် လုပ်ငန်းများကို တိုးမြှင့်လုပ်ဆောင်လာခဲ့သည်။ ယခုဖြစ်စဉ်သည်လည်း ၎င်းတို့၏ ခိုင်းစေချက်အရ KNLA တပ်မဟာ (၁) နှင့်  PDF အမည်ခံအကြမ်းဖက်သမား ပူးပေါင်းအဖွဲ့အနေဖြင့် စစ်ရေးနှင့်မသက်ဆိုင်သည့် အများပြည်သူ အေးချမ်းစွာဖြင့် ဘုရားဖူးကုသိုလ်ယူလျက်ရှိသော သာသနာ့နယ်မြေအတွင်း ရက်စက်မိုက်မဲစွာ အကြမ်း ဖက်လုပ်ရပ်လုပ်ဆောင်မှုကို ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ဂျီနီဗာကွန်ဗန်းရှင်း များနှင့် အပြည်ပြည်ဆိုင်ရာ ဥပဒေတို့အရ စစ်ရာဇဝတ်မှု (War Crime)ကျူးလွန်ရာ ရောက်ပြီး အဆိုပါ စစ်ရာဇဝတ်မှုများအတွက် အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေ၊ ရာဇသတ်ကြီး နှင့်သက်ဆိုင်ရာ တည်ဆဲဥပဒေများဖြင့် ၎င်းတို့အပေါ် ထိရောက်စွာ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက အကြမ်းဖက်ချေမှုန်းရေးဆောင်ရွက်မှု   ( Counter-terrorism Action ) ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် အများပြည်သူ များအနေဖြင့် အကြမ်းဖက်အဖွဲ့၏ လုပ်ရှားမှုသတင်းများရရှိက လုံခြုံရေးတပ်ဖွဲ့ဝင် များထံသို့ လျို့ဝှက်စွာ သတင်းပေးတိုင်ကြားရန် အသိပေး သတင်းထုတ်ပြန်အပ်ပါ သည်။