ဆူပူဆန္ဒပြမှုဖြစ်စဉ်များတွင် ခေတ္တထိန်းသိမ်းထားသူများအား ငွေကြေးပေးမှ ပြန်လည်စေလွှတ်သည်ဆိုသည့် ကောလဟလသတင်းအမှားများအပေါ် ပြန်လည်ဖြေရှင်း သတင်းထုတ်ပြန်ခြင်း

Wednesday, March 31, 2021 - 13:45

နေပြည်တော်၊ မတ်လ ၃ ရက်

နိုင်ငံတော်အစိုးရအား နည်းမျိုးစုံဖြင့်ဆန့်ကျင်ရေး ဆောင်ရွက်နေသော အစုအဖွဲ့များ အနေဖြင့် လူငယ်ထုအား ရည်မှန်းချက်ထားရှိရှေ့တန်းတင်ကာ နေရာအနှံ့အပြားတွင် ဆူပူမှုများ မဖြစ်မနေဖြစ်ပွားစေရန်၊ လူငယ်ထုအားလမ်းပေါ်ရောက်ရှိအုံကြွစေရန်နှင့် လုံခြုံရေးတပ်ဖွဲ့ဝင် များနှင့် ထိပ်တိုက်တွေ့ဆုံစေရေးတို့အတွက် သွေးထိုးလှုံ့ဆော် ကြိုးပမ်းဆောင်ရွက်နေသည်ကို တွေ့ရှိရပါသည်။

ထိုသို့ဆောင်ရွက်လျက်ရှိရာတွင် နယ်မြေဒေသအသီးသီးရှိ လုံခြုံရေးတပ်ဖွဲ့ဝင်များ အနေဖြင့် လူစုလူဝေးအား ထိခိုက်ဒဏ်ရာရရှိမှုနည်းပါးစေရေးနှင့် လူစုလူဝေးပြိုကွဲစေရေး ကိုသာအဓိကထားဆောင်ရွက်၍ ဦးစီးခေါင်းဆောင် ပြုလုပ်သူများကိုစိစစ်ဖော်ထုတ်နိုင်ရေး အတွက် ဖြစ်စဉ်ဖြစ်ပွားသည့်နေရာများတွင် ဆူပူဆန္ဒပြသူအချို့အား ဖမ်းဆီးထိန်းသိမ်းရခြင်း၊ ကျူးလွန်သည့်ဖြစ်စဉ်ပါ လမ်းကြောင်းပိတ်ဆို့ဆောင်ရွက်ခဲ့သည့် ယာဉ်များ၊ ဆိုင်ကယ်များအား ခေတ္တထိန်းသိမ်းရခြင်းတို့ကို ဆောင်ရွက်ရပါသည်။ ဆူပူဆန္ဒပြမှုဖြစ်စဉ်များတွင် ဖမ်းဆီး ထိန်းသိမ်းခံရသူများအား ထိန်းသိမ်းစဉ် ကိုယ်ရေးရာဇဝင်စိစစ်မှုများကိုပြုလုပ်ပြီး ဦးစီး ခေါင်းဆောင်ပြုလုပ်သူ ဟုတ်/မဟုတ်နှင့် ဆက်စပ်သတင်းရရှိရေးများကို ညှင်းပန်းနှိပ်စက်မှု (လုံးဝ)မရှိဘဲ စစ်မေးခြင်း၊ မှတ်တမ်းထားရှိခြင်းများကို လုပ်ထုံး/လုပ်နည်းများနှင့်အညီ ဆောင်ရွက်ရပါသည်။ ၎င်းကဲ့သို့ စစ်မေးတွေ့ရှိချက်များအပေါ်တွင်မူတည်ကာ နိုင်ငံတော်အစိုးရဆန့်ကျင် ရေးနှင့် တရားဥပဒေစိုးမိုးရေးကို ပျက်ပြားစေရေးအတွက် ဦးတည်လုပ်ဆောင်နေသည့် ဦးစီး ခေါင်းဆောင်ပြုလုပ်သူများကိုသာ ဥပဒေနှင့်အညီ ဆက်လက်အရေးယူနိုင်ရေး ဆောင်ရွက် လျက်ရှိပြီး အများစုသောလူငယ်ထုများ၊ ပညာသင်ကြားနေဆဲလူငယ်များ၊ ပြင်ပပုဂ္ဂလိက ဝန်ထမ်းများ အစရှိသည်ဖြင့် ၎င်းတို့၏အနာဂတ်နှင့်ဘဝ မပျက်ဆီးစေရေး မိဘဆွေမျိုးများ၏ စိုးရိမ်ပူပန်မှု များလျော့နည်းစေရေးတို့အတွက် သက်ဆိုင်ရာနယ်မြေ အုပ်ချုပ်ရေးတာဝန်ရှိသူ များ၏ ပူးပေါင်းညှိနှိုင်းဆုံးဖြတ်ချက်ဖြင့် ခေတ္တဖမ်းဆီးထိန်းသိမ်းထားရှိရာနေရာများမှ ၎င်း တို့၏နေရပ်များသို့ ပြန်လည်ပို့ဆောင်ရေးဆိုင်ရာ ကူညီဆောင်ရွက်မှုများဖြင့် လိုအပ်သော (ခံဝန်) လက်မှတ်ရေးထိုးကာ ပြန်လည်စေလွှတ်ပေးလျက်ရှိပါသည်။ ၎င်းကဲ့သို့ နိုင်ငံတော်အစိုးရအနေဖြင့် ဘက်ပေါင်းစုံမှ စာနာထောက်ထားစွာဖြင့် ဆောင်ရွက်လျက်ရှိသော်လည်း သတင်းမီဒီယာအချို့မှလည်းကောင်း၊ Facebook လူမှုကွန်ယက် တို့မှလည်းကောင်း ပြန်လည်စေလွှတ်ပေးခြင်းခံရသူများအနေဖြင့် တစ်ဦးလျှင် ငွေကြေး မည်ရွေ့မည်မျှ ပေးရသည်၊ ဆိုင်ကယ်/ ကားတစ်စီးလျှင် မည်ရွေ့မည်မျှပေးရသည်ဆိုသည့် ကောလဟလသတင်းအမှားများကို ထုတ်ပြန်နေသည်ကိုတွေ့ရှိရပါသည်။ ပြန်လည်စေလွှတ်ပေးသည့် ဖြစ်စဉ်ဖြစ်ရပ်များအားလုံးတွင် ငွေကြေးများပေး ရသည်ဆိုသည့် သတင်းများသည် နိုင်ငံတော်အစိုးရဆန့်ကျင်ရေးအုပ်စုမှ ဆောင်ရွက်လျက် ရှိသည့် ကောလဟလ သတင်းအမှားများသာဖြစ်ကြောင်းနှင့် သတင်းမီဒီယာများအနေဖြင့် (ကျင့်ဝတ်)နှင့်အညီ ရပ်တည်ကာ မှန်ကန်သောသတင်းများကိုသာ စိစစ်ထုတ်ပြန်ရန်နှင့် တစ်ဖက်သတ်မမှန်ကန်သောသတင်းအမှားများကို မထုတ်ပြန်သင့်ကြောင်း အသိပေးသတင်း ထုတ်ပြန်အပ်ပါသည်။