စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၊ စည်သာကျေးရွာ အခြေခံပညာမူလတန်းကျောင်းအတွင်းမှ PDF အမည်ခံအကြမ်းဖက်သမားများ သိုဝှက်သိမ်းဆည်းထားသည့် လက်နက်/ခဲယမ်းများနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိ နေပြည်တော်၊ စက်တင်ဘာ - ၂၇

Tuesday, September 27, 2022 - 16:45

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၊ စည်သာကျေးရွာ အခြေခံပညာမူလတန်းကျောင်းအတွင်းမှ PDF အမည်ခံအကြမ်းဖက်သမားများ သိုဝှက်သိမ်းဆည်းထားသည့် လက်နက်/ခဲယမ်းများနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိ

နေပြည်တော်၊ စက်တင်ဘာ - ၂၇

          အကြမ်းဖက်အဖွဲ့အစည်းများဖြစ်သည့် NUG နှင့် PDF အမည်ခံ အကြမ်းဖက် သမားများအနေဖြင့် ကျေးရွာများအတွင်း ဝင်ရောက်ပြီး  အရပ်သားပြည်သူများအား လူသားတံတိုင်း ပြုလုပ်ကာကွယ်ရယူ၍ နယ်မြေလုံခြုံရေးဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များအား  ချောင်းမြောင်းပစ်ခတ်ခြင်းများ လုပ်ဆောင်လျက်ရှိသည့်အပြင် လက်နက်/ခဲယမ်းများနှင့် ဆက်စပ်ပစ္စည်းများအား ဘာသာရေးဆိုင် ရာအဆောက်အဦ များ၊  စာသင်ကျောင်းများ၊ အများပြည်သူနှင့်သက်ဆိုင်သော နေရာများ၌ သိုဝှက် သိမ်းဆည်းခြင်းများ လုပ်ဆောင်လျက်ရှိသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ရှာဖွေ ဖော်ထုတ်သိမ်းဆည်းခြင်းများအပါအဝင် လုံခြုံရေးလုပ်ငန်းများကို ဆောင်ရွက်လျက် ရှိသည်။

          ထိုသို့ ရှာဖွေဖော်ထုတ် ဆောင်ရွက်လျက်ရှိစဉ် အကြမ်းဖက်မှုများကို မလိုလား သည့် ပြည်သူများ၏ သတင်းပေးပို့ချက်အရ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ် အတွင်း လုံခြုံရေးဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များက စက်တင်ဘာ ၂၃ ရက် ညနေပိုင်းတွင် စည်သာကျေးရွာအနီး ရှာဖွေဖော်ထုတ်ခြင်းများ ဆောင်ရွက်ခဲ့ရာ အဆိုပါကျေးရွာရှိ အခြေခံပညာမူလတန်းကျောင်းအတွင်းမှ  အကြမ်းဖက်သမားများ သိုဝှက်သိမ်းဆည်းထားသည့် လက်လုပ်သေနတ် ၃ လက်၊ လက်လုပ်သေနတ်ပြောင်း များနှင့် ပြုလုပ်ဆဲလက်လုပ်သေနတ်များ၊ လက်လုပ်လက်ပစ်ဗုံး ၄ လုံး၊ ၁၂ ဗို့ဘတ္ထရီ ၂ လုံး၊ သံဖြတ်စက် ၃ လုံး၊ သံဖြတ်စက်အသွား ၄၀ ခု၊ ဝရိန်ပုံး ၁ ပုံး၊ ဝရိန်ချောင်း ၅၀ ချောင်း၊ ဝါယာကြိုးများ၊ ဆာလာအိတ်များ၊ ၅ ဂါလံပုံးများဖြင့် မိုင်းများပြုလုပ်ရန် ထည့်ထားသည့် သံတိုသံစများ၊ လက်လုပ်မိုင်းပြုလုပ်ရန် ကားစလစ်အိုး ၄၃ လုံး၊ ကျည်ကာအင်္ကျီ ၁ ထည်နှင့် အခြားဆက်စပ်ပစ္စည်းများ တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။

            အလားတူ PDF အမည်ခံ အကြမ်းဖက်သမားများအနေဖြင့် ယခုနှစ်၊ ဇန်နဝါရီ ၁၃ ရက်တွင်လည်း မရသိမ်ကျေးရွာရှိ အခြေခံပညာမူလတန်းကျောင်းအတွင်း စခန်းချ အခြေပြုအကာအကွယ်ရယူ၍ အကြမ်းဖက်လုပ်ရပ်များကို ဆောင်ရွက်ရန် ပြင်ဆင် လျက်ရှိကြောင်း သိရှိရသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များကသွားရောက် တိုက်ခိုက်ချေမှုန်း ခဲ့ရသည်။

            အဆိုပါ ဖြစ်စဉ်တွင်လည်း အကြမ်းဖက်သမားများအနေဖြင့် စာသင်ကျောင်း အတွင်း/အပြင်၌ ခြံစည်းရိုးပတ်လည်အား သဲအိတ်များ ကာရံခြင်း၊  မိုင်းများ ထောင် ထားခြင်း၊ သဲအိတ်ဘန်ကာများ တည်ဆောက်ခြင်း၊ အကြမ်းဖက်လေ့ကျင့်ရေးကွင်း များ ဖောက်လုပ်ခြင်းများပြုလုပ်ကာ စာသင်ကျောင်းအား အခိုင်အမာ စခန်းတည် ဆောက်၍ အဖျက်အမှောင့်လုပ်ရပ်များ လုပ်ဆောင်ရန် ကြိုတင်ကြံစည်နေမှုကို တား ဆီးနိုင်ခဲ့သည်။

            အကြမ်းဖက်သမားများအနေဖြင့် ကျေးရွာအချို့အတွင်းဝင်ရောက်၍ အကြမ်းဖက် လုပ်ရပ်များ လုပ်ဆောင်လျက်ရှိခြင်းကြောင့် ဒေသခံပြည်သူများ အေးချမ်းတည်ငြိမ်စွာ နေထိုင်နိုင်ရေးအတွက် လုံခြုံရေးတပ်ဖွဲ့များက နယ်မြေလုံခြုံရေးလုပ်ငန်းများ တိုးမြှင့် ဆောင်ရွက်လျက်ရှိကြောင်းနှင့် သိမ်းဆည်းရမိခဲ့သည့် လက်နက်/ခဲယမ်းများအား လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်း ရရှိသည်။