စစ်ကိုင်းတိုင်းဒေသကြီး၊ ရေဦး- ခင်ဦး ကားလမ်းမကြီးတစ်လျှောက် NUG နှင့် PDF အမည်ခံအကြမ်းဖက်သမားများထောင်ထားသည့် မိုင်းများအား အများပြည်သူ ဘေးအန္တရာယ် မရှိစေရေး ဖယ်ရှားရှင်းလင်း နေပြည်တော်၊ စက်တင်ဘာ ၂၆

Monday, September 26, 2022 - 14:45

            NUG နှင့်  PDF အမည်ခံအကြမ်းဖက်သမားများသည် အေးချမ်းစွာနေထိုင် လျက်ရှိသည့်  ပြည်သူလူထုများနှင့် တရားဥပဒေစိုးမိုးရေးအတွက် ဆောင်ရွက် နေသည့် အုပ်ချုပ်ရေးတာဝန်ရှိသူများအား ထိခိုက်ဒဏ်ရာရရှိစေရန်နှင့် လမ်းပန်း ဆက်သွယ်မှုများ လုံခြုံရေးချောမွေ့မှုမရှိစေရေး ရည်ရွယ်ချက်များဖြင့် အများပြည်သူ အသုံးပြုသည့် လမ်းကြောင်းများတွင် မိုင်းထောင်ခြင်း၊ ပစ်ခတ် တိုက်ခိုက်ခြင်းများ အကြမ်းဖက်ဖောက်ခွဲရေးလုပ်ရပ်များ ပြုလုပ်လျက်ရှိသည်။

            ထို့သို့ပြုလုပ်လျက်ရှိရာ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ NUG နှင့်  PDF အမည်ခံအကြမ်းဖက်သမားများအနေဖြင့် ရေဦးမြို့နှင့် ခင်ဦးမြို့သွား ကားလမ်းမကြီး တစ်လျှောက်သွားလာလျက်ရှိသည့် ခရီးသွားပြည်သူများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင် များအား  အကြောင်းမဲ့အကြမ်းဖက် မိုင်းထောင်ဖောက်ခွဲတိုက်ခိုက်ခြင်းများ ကြီးမားစွာ လုပ်ဆောင်ရန်စီစဉ်လျက်ရှိကြောင်း အကြမ်းဖက်လုပ်ရပ်များကို  လက်မခံသည့် ဒေသခံပြည်သူတချို့၏ သတင်းပေးမှုအရ  လုံခြုံရေးတပ်ဖွဲ့ဝင်များက အဆိုပါ ကားလမ်းမကြီးတစ်လျှောက် စက်တင်ဘာလ ၂၁ ရက်မှ ၂၅  ရက်အတွင်း မိုင်းရှင်းလင်းရေးလုပ်ငန်းများဆောင်ရွက်ခဲ့ရာ ကားလမ်းဝဲ/ယာ တစ်လျှောက်  လက်လုပ်ဒေသန္တရမိုင်းမျိုးစုံ ၁၁၂ လုံး၊ လက်လုပ်သေနတ် လက်၊ လက်လုပ်လက်ပစ်ဗုံး လုံးနှင့် ဆက်စပ်ပစ္စည်းများအား ရှာဖွေဖော်ထုတ်နိုင်ခဲ့ပြီး  အများပြည်သူအန္တရာယ်မဖြစ်ရေး သက်မဲ့ပြုလုပ်သိမ်းဆည်းခဲ့သည်။

             NUG နှင့်  PDF အမည်ခံ အကြမ်းဖက်သမားများအနေဖြင့် ယခင်ကလည်း ရေဦးမြို့နှင့် ခင်ဦးမြို့သွားကားလမ်းမကြီးတစ်လျှောက် သွားလာလျက်ရှိသည့် ခရီးသွား ပြည်သူများနှင့်လုံခြုံရေးတပ်ဖွဲ့ဝင်များအား မိုင်းဆွဲတိုက်ခိုက်ခြင်း၊ ချောင်းမြောင်း ပစ်ခတ်ခြင်းနှင့် အဖျက်အမှောက်လုပ်ငန်းများအား လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ အလစ် အငိုက်လုပ်ဆောင်ခဲ့ရာ ဇူလိုင်လမှစက်တင်ဘာလ ၂၅ ရက် အထိ ၉၃ ကြိမ်ရှိခဲ့ပြီး အပြစ်မဲ့ပြည်သူတချို့ သေဆုံး/ဒဏ်ရာရရှိခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင် တချို့ လည်း အသေးစားထိခိုက်ဒဏ်ရာရရှိသူများရှိခဲ့ကြောင်း သိရှိရသည်။

            ယခုကဲ့သို့ အများပြည်သူသွားလာအသုံးပြုလျက်ရှိသည့် လမ်းမကြီးများပေါ်၌ မိုင်းထောင်ဖောက်ခွဲတိုက်ခိုက်ခဲ့သည့် အကြမ်းဖက်မှုလုပ်ရပ် ကျူးလွန်ခဲ့သူများအား ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်း ဖော်ထုတ်လျက်ရှိကြောင်းနှင့် အဆိုပါပြည်ထောင်စုလမ်းမကြီးတစ်လျှောက် သွားလာ လျက်ရှိသည့် ခရီးသွားပြည်သူများ အန္တရာယ်မဖြစ်စေရေးအတွက် မိုင်းရှင်းလင်းရေး လုပ်ငန်းများနှင့် နယ်မြေလုံခြုံရေး၊ အေးချမ်းတည်ငြိမ်ရေးစဉ်ဆက်မပြတ် ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။