သတင်းထုတ်ပြန်ခြင်း
နေပြည်တော်၊ မတ်လ ၂ ရက်
နိုင်ငံတော်အစိုးရအား နည်းမျိုးစုံဖြင့် ဆန့်ကျင်သောအစုအဖွဲ့များအနေဖြင့် နေ့စဉ် ရက်ဆက် လူစုလူဝေးများ လမ်းပေါ်ထွက်ရှိအောင် မီဒီယာများ၊ Facebook တို့အား အသုံးပြု လှုံ့ဆော်ခြင်း၊ တရားမဝင်သောအဖွဲ့အစည်းများဖွဲ့စည်းပြီး ဦးစီးခေါင်ဆောင် ပြုလုပ်သူများအနေဖြင့် ရှေ့မထွက်ဘဲ နောက်ကွယ်ရှိ အန္တရာယ်ကင်းဝေးသောနေရာ အသီးသီးတွင် နေထိုင်ကာ ငွေကြေး၊ စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးခြင်း အပါအဝင် လှုံ့ဆော်ဆောင်ရွက်လျက်ရှိနေသည်ကို တွေ့ရှိရပါသည်။
၂၀၂၁ ခုနှစ်၊ မတ်လ ၂ ရက်နေ့တွင်လည်း တိုင်းဒေသကြီးနှင့် ပြည်နယ်အများစုတွင် လမ်းပေါ်ထွက်၍ ဆန္ဒပြသော လူစုလူဝေးအနေဖြင့် သိသာစွာ လျော့နည်းခဲ့သော်လည်း အချို့သောဒေသများတွင် မတည်မငြိမ်ဖြစ်စေရေးအတွက် ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း ဖြစ်စဉ်များအရတွေ့ရှိရပါသည်။ ၂၀၂၁ ခုနှစ်၊ မတ်လ ၂ ရက်နေ့ နေ့လယ်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်၊ စမ်းချောင်း၊ လမ်းမတော်နှင့် ရန်ကင်းမြို့နယ်တို့၌ လူစုလူဝေးများ ဖြစ်ပွားခဲ့ရာ လုံခြုံရေး တပ်ဖွဲ့ဝင်များမှ အသံမြည်ဗုံး၊ (.၁၂)ဗို့ ပြောင်းချောသေနတ်၊ မျက်ရည်ယိုဗုံးတို့ဖြင့် ပစ်ခတ် လူစုခွဲခဲ့ရပြီး ဆူပူအော်ဟစ်ဆန္ဒပြသူ အမျိုးသား (၄)ဦး၊ အမျိုးသမီး (၈)ဦး၊ စုစုပေါင်း(၁၂)ဦးတို့ အား ဖမ်းဆီးထိန်းသိမ်းခဲ့ရပါသည်။ ထို့အပြင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့တွင် လူစုလူဝေးများ ဖြစ်ပွားခဲ့၍ လုံခြုံရေး တပ်ဖွဲ့ဝင်များမှ အသံမြည်ဗုံး၊ (.၁၂)ဗို့ ပြောင်းချောသေနတ်၊ မီးခိုးဖြူဗုံး၊ မျက်ရည်ယိုဗုံး၊ ၃၈ မီလီမီတာ ရာဘာကျည်တို့ဖြင့် ပစ်ခတ်လူစုခွဲခဲ့ရပါသည်။ အလားတူ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ ပိန္နဲတောရပ်ကွက်၊ ကံကော်ပင် လမ်းဆုံ၊ ဥတ္တံတားလမ်းဆုံတို့၌ လူစုလူဝေးများဖြစ်ပွားခဲ့၍ လုံခြုံရေးတပ်ဖွဲ့ဝင်များမှ အသံမြည်ဗုံး၊ မျက်ရည်ယိုဗုံးတို့ဖြင့် ပစ်ခတ်လူစုခွဲခဲ့ရပါသည်။ အလားတူ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ (၁၁)ရပ်ကွက်၊ မြိုင်(၄)လမ်း၌ လူစုလူဝေးများဖြစ်ပွားခဲ့၍ လုံခြုံရေးတပ်ဖွဲ့ဝင်များမှ အသံမြည်ဗုံး၊ ၃၈ မီလီမီတာ ရာဘာကျည်တို့ဖြင့် ပစ်ခတ်လူစုခွဲခဲ့ရပါသည်။ အလားတူ ကချင်ပြည်နယ်၊ မိုးကောင်းမြို့၊ အိုးတန်းရပ်ကွက်၊ ပြည်ထောင်စု လမ်းမကြီးပေါ်၌ လူစုလူဝေးများဖြစ်ပွားခဲ့၍ လုံခြုံရေးတပ်ဖွဲ့ဝင်များမှ လူစုခွဲခဲ့ရပြီး ဆူပူအော်ဟစ်ဆန္ဒပြသူ အမျိုးသား ၁ ဦးအား ဖမ်းဆီးထိန်းသိမ်းခဲ့ရပါသည်။ အလားတူ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ အရှေ့မြို့ပတ်လမ်း၌ လူစုလူဝေးများ ဖြစ်ပွားခဲ့၍ လုံခြုံရေးတပ်ဖွဲ့ဝင်များမှ အသံမြည်ဗုံး၊ (.၁၂)ဗို့ပြောင်းချော သေနတ်၊ မျက်ရည်ယိုဗုံးတို့ဖြင့် ပစ်ခတ်လူစုခွဲခဲ့ရပါသည်။ ဖြစ်စဉ်ဖြစ်ပွားမှုများအပေါ် သုံးသပ်တွေ့ရှိရမှုအရ လူငယ်လူထုအများစုသည် လမ်းပေါ် ရောက်ရှိလာပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ထိပ်တိုက်တွေ့ဆုံကာ ထိခိုက်ဒဏ်ရာ ရရှိခြင်းများကို တွေ့ရှိရကာ နောက်ကွယ်မှ လှုံဆော်စည်းရုံးမှုကိုခံနေရသည့် အခြေအနေသို့ ရောက်ရှိနေပြီး ၎င်းတို့၏ အနာဂတ်များ မပျက်စီးစေရေးအတွက် မိဘဆွေမျိုးများအနေဖြင့် ဝိုင်းဝန်ထိန်းသိမ်းကြပ်မတ်ရန် လိုအပ်သည့်အခြေအနေတွင် ရောက်ရှိနေသည်ဟု ပြည်သူလူထုအများစုမှ ဝေဖန်သုံးသပ်လျက်ရှိကြောင်း အသိပေးသတင်းထုတ်ပြန်အပ်ပါသည်။