ကယားပြည်နယ်အစိုးရအဖွဲ့မှ လွိုင်ကော်မြို့နယ်နှင့် ဒီးမော့ဆိုမြို့နယ်အတွင်းရှိ နေရပ် ပြန်ပြည်သူများအတွက် ထောက်ပံ့ငွေများ ၊ ဆောက်လုပ်ရေးပစ္စည်းများနှင့် စားသောက်ကုန် ပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းတွင် လွိုင်ကော်မြို့၊ ပြည်နယ်ခန်းမ၌ ကျင်းပသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်က ပြည်နယ်အတွင်း အခြေအနေအကြောင်း အမျိုးမျိုးကြောင့် နေရပ်စွန့်ခွာပြီး ယခုလက်ရှိတွင် နယ်မြေတည်ငြိမ်အေးချမ်း လာပြီဖြစ်၍ ပြည်နယ်အတွင်းသို့ ပြန်လည်ဝင်ရောက်နေထိုင်သော နေရပ်ပြန်ပြည်သူများအား ပြည်နယ် အစိုးရအဖွဲ့အနေဖြင့် ထပ်မံကူညီထောက်ပံ့ပေးခြင်းဖြစ်ကြောင်း ပြောကြားသည်။ ထို့နောက် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူတစ်ဦးက နယ်မြေလုံခြုံရေး လုပ်ငန်းဆောင်ရွက် ပေးနေမှုများနှင့်စပ်လျဉ်း၍ ဆွေးနွေးပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက လွိုင်ကော်မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများ၊ ဘုရားကျောင်းများ၊ သီလရှင်ကျောင်းများ၊ နာနတ်တော၊ အောင်မင်္ဂလာ၊ အောင်တေဇ၊ နမ့်ဘောဝမ်(က)၊ နမ့်ဘောဝမ်(ခ)၊ ဒေါတမ၊ ဒေါပေါ်ကလဲ၊ မိုင်းလုံး၊ ဒေါဥခူ၊ ဧက(၅၀၀)နှင့် ထေးသမရပ်ကွက်များ၊ ချိကယ်၊ နွားလဝိုး၊ ပန်ကန်းကျေးရွာ အုပ်စုများနှင့် ဒီးမော့ဆိုမြို့နယ်အတွင်းရှိ အိုကေ၊ သာယပ်၊ ဒေါဘူးကူး၊ ဆင်တောင်၊ ဘုရား ဖြူနှင့် ဆောင်ဒူရွာသစ်ကျေးရွာအုပ်စုများရှိ နေရပ်ပြန်ပြည်သူများအတွက် ထောက်ပံ့ငွေများ၊ ဆောက်လုပ်ရေးပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများနှင့် Family Kit ပစ္စည်းများ ထောက် ပံ့ပေးအပ်ကြရာ သက်ဆိုင်ရာဘာသာရေးခေါင်းဆောင်များနှင့် ရပ်ကွက်ကျေးရွာများမှ ရပ်မိ ရပ်ဖများက လက်ခံရယူကြသည်။ ယင်းနောက် ရပ်ကွက်ကျေးရွာများကိုယ်စား တက်ရောက် လာကြသော ပြည်သူများက လိုအပ်သည်များကို ဆွေးနွေးတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ် နှင့် တာဝန်ရှိသူများက ဆောင်ရွက်ပေးမည့် အစီအစဉ်များကို ပြန်လည်ရှင်းလင်း ပြောကြား သည်။ ယင်းနောက် ပြည်သူများကိုယ်စား ဒေါဥခူရပ်ကွက်နေ ပြည်သူတစ်ဦးက ကျေးဇူးတင် စကား ပြန်လည်ပြောကြားသည်။ ၎င်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက တက်ရောက်လာကြသော ပြည်သူများအား ရင်းရင်းနှီးနှီးတွေ့ဆုံ နှုတ်ဆက်အားပေးစကား ပြောကြားသည်။
ယနေ့အခမ်းအနားတွင် ကယားပြည်နယ်အစိုးရအဖွဲ့မှ လွိုင်ကော်မြို့နယ်အတွင်းရှိ ထိခိုက်ပျက်စီးခဲ့သည့် ဘာသာရေးကျောင်း (၆)ကျောင်း ၊ လွိုင်ကော်မြို့နယ်နှင့် ဒီးမော့ဆို မြို့နယ်အတွင်းရှိ နေအိမ်ထိခိုက်ပျက်စီးသည့် အဆောက်အဦ (၁၄၂)လုံးတို့အတွက် ထောက် ပံ့ငွေ ၂၉၃ သိန်း၊ သွပ် ၄၆၀၀ ချပ်၊ ဘိလပ်မြေ ၂၃၀၀ အိတ်၊ ဘာသာရေးကျောင်းများရှိ ယာယီစစ်ဘေးရှောင်ပြည်သူများနှင့် နေရပ်ပြန်ပြည်သူများအတွက် ဆန် ၂၂၅ အိတ်နှင့် ၁၂ ပြည်၊ ဆီ ၁၇၈ ပိသာနှင့် ဆား ၅၉၄ ထုပ်၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနမှ ထောက်ပံ့ငွေကျပ် ၁၅၈၃၀၀၀၀ နှင့် Family Kit အစုံ ၄၀ တို့ကို ထောက်ပံ့ပေးပြီး စုစုပေါင်း ထောက်ပံ့မှုမှာ ငွေကျပ် ၁၀၈၉၁၇၆၀၀ ဖြစ်ကြောင်း သတင်းရရှိသည်။