နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပုသိမ်မြို့ရှိ နယ်မြေခံ လေတပ်စခန်းဌာနချုပ် သို့သွားရောက်ကြည့်ရှုစစ်ဆေး
နေပြည်တော်၊ ဇူလိုင် - ၄
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် အဖွဲ့ဝင်များလိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် ပုသိမ်လေတပ်စခန်းဌာနချုပ်သို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ အစည်းအဝေးခန်းမတွင် ဌာနချုပ်မှူး ဗိုလ်မှူးချုပ် ထွန်းဝင်း က လေတပ် စခန်းဌာနချုပ်၏ စစ်ဦးစီး၊ စစ်ရေး၊ စစ်ထောက် ဆိုင်ရာအကောင်အထည် ဖော် ဆောင်ရွက်လျက်ရှိမှု၊ နယ်မြေဒေသလုံခြုံရေးနှင့် ပိုင်နက်ပင်လယ်ပြင် လုံခြုံရေး ကင်းလှည့်ဆောင်ရွက်နိုင်မှု၊ အရာရှိ၊ စစ်သည်၊ မိသားစုများ၏ သက်သာချောင်ချိရေး ဆောင်ရွက်ပေးနိုင်မှု၊ စိုက်ပျိုးမွေးမြူရေး အကောင်အထည်ဖော်ဆောင်ရွက်နိုင်မှု၊ ဒေသခံပြည်သူ လူထု၏ ကျန်းမာရေး၊ လူမှုရေးနှင့် အခြားလိုအပ်သည်များကို ကူညီ ဆောင်ရွက်ပေးနိုင်မှုအခြေအနေများကိုရှင်းလင်းတင်ပြသည်။
ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က နယ်မြေဒေသနှင့် ပိုင်နက်ပင်လယ်ပြင်စိုးမိုးရေး အတွက် ရေဒါစနစ်ဖြင့် ကင်းထောက်ခြင်း၊ လေကြောင်း၊ ရေကြောင်းကင်းလှည့်ခြင်း များ ဆောင်ရွက်ပြီး ပိုင်နက်နယ်နိမိတ်အတွင်း တရားဥပဒေစိုးမိုးရေး၊ နယ်မြေ လုံခြုံရေးတို့ကို တိုင်းစစ်ဌာနချုပ်နှင့် နယ်မြေခံ ရေတပ်၊ လေတပ် ဌာနချုပ်များက ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ပြီး အမြဲအသင့်ဖြစ်နေရမည်ဖြစ်ကြောင်း၊ ပင်လယ် ကမ်းစပ်နှင့် မြစ်ဝကျွန်းပေါ်လုံခြုံရေးကို လုံခြုံရေးအသိ၊ လုံခြုံရေးသတိဖြင့် အမြဲတမ်း စောင့်ကြည့်နေရမည်ဖြစ်ကြောင်း၊ စိုက်ပျိုးမွေးမြူရေးနှင့်ပတ်သက်၍ မွေးမြူရေးနှင့် စိုက်ပျိုးရေး အပြန်အလှန်အခြေခံပြီး အထွက်နှုန်းကောင်းသည့်၊ အကျိုးရှိသည့် စိုက်ပျိုးမွေးမြူရေးဖြစ်အောင် တွက်ချက်ဆောင်ရွက်ကြစေလိုကြောင်းဖြင့် ပြောကြား ပြီး အရာရှိ၊ စစ်သည်၊ မိသားစုများ၏ သက်သာချောင်ချိရေး၊ အသား၊ ငါး၊ ဥအမျိုးမျိုးနှင့် ဟင်းသီးဟင်းရွက်များကို ဈေးနှုန်းသက်သာစွာဖြင့် ဖူလုံစွာစားသုံးနိုင်ရေးအတွက် တပ်ပိုင်စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်ရန်လိုအပ်သည့် အခြေအနေများနှင့်ပတ်သက်၍ လမ်းညွှန်မှာကြားသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် လေတပ်ဌာနချုပ် ကာကီကင်းဘဲမွေးမြူရေးခြံ၊ ဥစားကြက်မွေးမြူရေးခြံ၊ ရာသီသီးနှံစိုက်ခင်းတို့ကို လှည့်လည်ကြည့်ရှုပြီး တာဝန်ရှိသူ များ၏ တင်ပြချက်များအပေါ် လိုအပ်သည်များဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အဖွဲ့ဝင်များသည် ပုသိမ်မြို့၊ အမှတ်(၁) ရပ်ကွက်၊ ကမ်းနားလမ်းတွင် မြစ်ကြမ်းခင်းမြေသားစွမ်းအင်မြှင့်တင်ခြင်း လုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးရာ ရှင်းလင်းဆောင် တွင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)စစ်အင်ဂျင်နီယာ ညွှန်ကြားရေးမှူးရုံး ညွှန်ကြား ရေးမှူး ဗိုလ်ချုပ်မျိုးသန့်၊ ပို့ဆောင်ရေးနှင့်ဆက်သွယ် ရေးဝန်ကြီးဌာန၊ ရေအရင်းအမြစ် နှင့်မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းလှိုင်တို့က မြစ်ကြမ်းခင်းမြေသား စွမ်းအင်မြှင့်တင်ခြင်း လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေ များကို ရှင်းလင်းတင်ပြကြသည်။
ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ပုသိမ်မြို့သို့ ပင်လယ်ကူး သင်္ဘောကြီးများဝင်ထွက်ခဲ့ ကြောင်း၊ ရေလမ်းကြောင်းများကို ပြန်လည်ပြုပြင်ထိန်းသိမ်း၍ ပင်လယ်ကူး သင်္ဘောကြီးများ ဝင်ရောက်နိုင်ရေးဆောင်ရွက်နိုင်မည် ဆိုပါက ပုသိမ်မြို့သို့ ကုန်စည် စီးဆင်းမှု ပိုမိုကောင်းမွန်မြန်ဆန်လာမည်ဖြစ်ကြောင်း၊ အလားတူ ငဝန်မြစ်ရေကို ထိန်းသိမ်း၍ စိုက်ပျိုးရေးအတွက်လိုအပ်သည့် နေရာများတွင် အကျိုးရှိစွာဖြင့် အသုံးချ ရန်လိုကြောင်း၊ ဧရာဝတီတိုင်းဒေသကြီးအတွင်း ပျမ်းမျှမိုးရွာ သွန်းရက်မှာ ၁၂၀ ကျော် ခန့်သာဖြစ်သဖြင့် နေရောင်ခြည်စွမ်းအင်သုံးမြစ်ရေတင် စီမံကိန်းများဖြင့် စိုက်ပျိုးရေး လုပ်ငန်းများအတွက်လိုအပ်သည့် ရေများရရှိအောင်ဆောင် ရွက်ရန်လိုကြောင်း၊ ရေချိုများကိုစနစ်တကျဖြင့် အသုံးချရန်လိုကြောင်းမှာကြားသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် မြစ်ကြမ်းခင်းမြေသား စွမ်းအင်မြှင့်တင်ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ်လိုအပ်သည်များလမ်းညွှန်မှာကြားခဲ့ကြောင်းသတင်းရရှိသည်။