(၇)ကြိမ်မြောက် မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြားရေးဝန်ကြီးများအစည်း အဝေးသို့တက်ရောက်ရန် မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ဝင်နိုင်ငံများမှ နိုင်ငံခြားရေး ဝန်ကြီးများ ဉီးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့များ မြန်မာနိုင်ငံသို့ ရောက်ရှိ  (

Sunday, July 3, 2022 - 17:15

(၇)ကြိမ်မြောက် မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြားရေးဝန်ကြီးများအစည်း အဝေးသို့တက်ရောက်ရန် မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ဝင်နိုင်ငံများမှ နိုင်ငံခြားရေး ဝန်ကြီးများ ဉီးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့များ မြန်မာနိုင်ငံသို့ ရောက်ရှိ

 (--၂၀၂၂  ရက်၊ နေပြည်တော်)

မဲခေါင်-လန်ချန်းအဖွဲ့ဝင်နိုင်ငံများမှ နိုင်ငံခြားရေးဝန်ကြီးများ ဖြစ်ကြသည့် ကမ္ဘောဒီးယား ဒုတိယဝန်ကြီးချုပ်၊ နိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး H.E. Mr. Prak Sokhonn ၊ လာအိုဒုတိယဝန်ကြီးချုပ်နှင့်နိုင်ငံခြားရေးဝန်ကြီး H.E. Mr. Saleumxay Kommasith၊ ထိုင်းဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး H.E. Mr. Don Pramudwinai နှင့် ဗီယက်နမ်နိုင်ငံခြားရေးဝန်ကြီး H.E. Mr. Bui Thanh Son တို့သည် (၇)ကြိမ်မြောက် မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးသို့ တက်ရောက်ရန် ၎င်းတို့၏ ကိုယ်စားလှယ်အဖွဲ့ဝင်များနှင့်အတူ ယနေ့နေ့လယ်ပိုင်းတွင် ပုဂံမြို့ရှိ ညောင်ဉီး လေဆိပ်သို့ အသီးသီး ရောက်ရှိလာခဲ့ရာ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဉီးကျော်မျိုးထွဋ်၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဉီးမျိုးအောင်၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ သံတမန်ရေးရာ ဉီးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးဝဏ္ဏဟန်နှင့် သက်ဆိုင်ရာတာဝန်ရှိသူတို့က လေဆိပ်၌ ကြိုဆိုကြသည်။

နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဉီးဝဏ္ဏမောင်လွင်က မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အဖွဲ့ဝင်နိုင်ငံများမှ နိုင်ငံခြားရေးဝန်ကြီးများနှင့် ကိုယ်စားလှယ်အဖွဲ့များ အား ယနေ့ ညနေပိုင်းတွင် ဂုဏ်ပြုညစာစားပွဲဖြင့် တည်ခင်းဧည့်ခံကြသည်။

ညစာစားပွဲတွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ အနုပညာရှင်များက ယဉ်ကျေးမှုအကအလှများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြကြောင်း သတင်းရရှိသည်။