တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး HE Mr. Wang Yi ခေါင်းဆောင်သော ကိုယ်စားလှယ်အဖွဲ့ (၇)ကြိမ်မြောက် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးသို့ တက်ရောက်ရန် မြန်မာနိုင်ငံသို့ ရောက်ရှိ

Saturday, July 2, 2022 - 17:00

တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး HE Mr. Wang Yi ခေါင်းဆောင်သော ကိုယ်စားလှယ်အဖွဲ့ (၇)ကြိမ်မြောက် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးသို့ တက်ရောက်ရန် မြန်မာနိုင်ငံသို့ ရောက်ရှိ

နေပြည်တော်  ဇူလိုင် ၂

မြန်မာနိုင်ငံက ပူးတွဲဥက္ကဋ္ဌအဖြစ် တာဝန်ယူလျက် အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် (၇)ကြိမ်မြောက် မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြားရေးဝန်ကြီးများ အစည်း အဝေးသို့ တက်ရောက်ရန်အတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေး ဝန်ကြီး H.E. Mr. Wang Yi ခေါင်းဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ တွင် အထူးလေယာဉ်ဖြင့် ညောင်ဦးလေဆိပ်သို့ ရောက်ရှိလာခဲ့ရာ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးထွဋ်၊ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ သယံဇာတနှင့် သဘာ ဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးမျိုးအောင်၊ သံတမန်ရေးရာဦးစီးဌာန၊ ညွှန်ကြားရေး မှူးချုပ် ဦးဝဏ္ဏဟန်နှင့် သက်ဆိုင်ရာတာဝန်ရှိသူတို့က လေဆိပ်၌ ကြိုဆိုခဲ့ကြသည်။

နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်သည် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး H.E, Mr. Wang Yi နှင့်အတူ (၇)ကြိမ်မြောက် မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြားရေးဝန်ကြီးများအစည်း အဝေးကို ပူးတွဲဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

Press Release

Delegation led by the State Councilor and Foreign Minister of the Peoples' Republic of China H.E. Mr. Wang Yi arrives Myanmar to attend the 7th Mekong-Lancang Cooperation Foreign Ministers' Meeting

(2-7-2022, Nay Pyi Taw)

The Chinese Delegation led by the State Councilor and Foreign Minister of the Peoples' Republic of China H.E. Mr. Wang Yi arrived at Nyaung Oo Airport in Bagan in the afternoon of 2 July 2022 to attend the 7th Mekong-Lancang Cooperation Foreign Ministers' Meeting. They were welcomed at the Nyaung Oo Airport by Deputy Minister for Foreign Affairs H.E. U Kyaw Myo Htut, Minister for Natural Resources and Environmental Conservation of the Mandalay Region U Myo Aung, Director General of the Protocol Department of the Ministry of Foreign Affairs U Wunna Han and officials concerned.

The Union Minister for Foreign Affairs of the Republic of the Union of Myanmar H.E. U Wunna Maung Lwin and the State Councilor and Foreign Minister of the Peoples' Republic of China H.E. Mr. Wang Yi will co-chair the 7th Mekong-Lancang Cooperation Foreign Ministers' Meeting.