ကမ္ဘောဒီးယားနိုင်ငံ ဒုတိယဝန်ကြီးချုပ်၊  နိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး H.E.Mr.PRAK Sokhonn ရန်ကုန်မြို့သို့ရောက်ရှိ ရန်ကုန်- ဇွန် ၂၉

Wednesday, June 29, 2022 - 16:45

ကမ္ဘောဒီးယားနိုင်ငံ ဒုတိယဝန်ကြီးချုပ်၊  နိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး H.E.Mr.PRAK Sokhonn ရန်ကုန်မြို့သို့ရောက်ရှိ

ရန်ကုန်- ဇွန် ၂၉

     အာဆီယံအလှည့်ကျဥက္ကဌ၏ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်၊ ကမ္ဘောဒီးယားနိုင်ငံ ဒုတိယဝန်ကြီးချုပ်၊ နိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး H.E.Mr.PRAK Sokhonn နှင့် ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ မွန်းလွဲပိုင်းတွင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ သုဝဏ္ဏဘူမိလေဆိပ်မှတစ်ဆင့် ရန်ကုန်မြို့သိုရောက်ရှိရာ နိုင်ငံခြားရေးဝန် ကြီးဌာန ဗဟာဗျူဟာလေ့လာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန ညွန်ကြားရေးမှူးချုပ် ဦးဇော်ဖြိုးဝင်း၊ သံတမန်ရေးရာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှုးချုပ် ဦးဇော်ထွန်းဦးနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆိုင်ရာ ကမ္ဘောဒီးယားနိုင်ငံသံအမတ်ကြီး H.E.Mr.CHHOUK Bunnaနှင့် သံရုံးမှတာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကြိုဆိုကြသည်။

     H.E.Mr.PRAK Sokhonn နှင့် ကိုယ်စားလှယ်အဖွဲ့၏ ဇွန် ၂၉ ရက်မှ ဇူလိုင် ၃ ရက်အထိ ခရီးစဉ်တွင် ၂၀၂၂-ခုနှစ်၊ မေ ၆ ရက်က ကျင်းပခဲ့သော အာဆီယံလူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေး အစည်းအဝေးရလဒ်များနှင့် အာဆီယံဘုံသဘောတူညီမှုငါးရပ် အကောင် အထည်ဖော်ဆောင်ရန်၊ ခရီးစဉ်အတွင်း တွေ့ဆုံမှုများမှတစ်ဆင့် အားလုံးပါဝင်နိုင်သော နိုင်ငံရေးဆွေးနွေးပွဲအတွက် အထောက်အကူဖြစ်စေရန်၊ မြန်မာနိုင်ငံအတွင်းဖြစ်ပွားနေသော ပဋိပက္ခများတွင် ငြိမ်းချမ်းသောနည်းလမ်းဖြင့်  အမျိုးသားရေးပြန်လည်ရင်ကြားစေ့ရေး လုပ် ငန်းစဉ်တစ်ရပ်ကို အမြန်ဆုံးအကောင်အထည်ဖော်ဆောင်နိုင်ရန်  မြန်မာနိုင်ငံသို့ လာရောက် သောခရီးစဉ်တွင် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။