(၃၄)ကြိမ်မြောက် မြန်မာ-ထိုင်း ဒေသဆိုင်ရာနယ်ခြားကော်မတီအစည်းအဝေး  အောင်မြင်စွာ ကျင်းပပြီးစီး နေပြည်တော်၊ ဇွန် - ၂၉

Wednesday, June 29, 2022 - 16:45

(၃၄)ကြိမ်မြောက် မြန်မာ-ထိုင်း ဒေသဆိုင်ရာနယ်ခြားကော်မတီအစည်းအဝေး  အောင်မြင်စွာ ကျင်းပပြီးစီး

နေပြည်တော်၊ ဇွန် - ၂၉

            မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပပြုလုပ်သည့် (၃၄)ကြိမ်မြောက် မြန်မာ- ထိုင်း ဒေသဆိုင်ရာနယ်ခြားကော်မတီအစည်းအဝေး ဒုတိယနေ့ကို ယနေ့ နံနက်ပိုင်းတွင် တောင်ကြီးမြို့ရှိ တောင်ကြီးဟိုတယ်၌ ဆက်လက်ကျင်းပရာ မြန်မာ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး အောင်စိုး၊ ဒုတိယခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီး ခင်လှိုင်နှင့် တပ်မတော် အရာရှိကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ထိုင်းနိုင်ငံမှကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင် Lt.Gen. Apichet Suesat နှင့် အဖွဲ့ဝင်များ တက်ရောက်ကြသည်။

            ဦးစွာ မြန်မာကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီး အောင်စိုးနှင့် ထိုင်းကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် Lt.Gen. Apichet Suesat  တို့က (၃၄)ကြိမ်မြောက် မြန်မာ-ထိုင်း ဒေသဆိုင်ရာနယ်ခြားကော်မတီအစည်းအဝေး သဘောတူညီချက်အား အတည်ပြုလက်မှတ်ရေးထိုးကာ အပြန်အလှန်လဲလှယ်ကြသည်။

            ယင်းနောက် မြန်မာ-ထိုင်း ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်များက နှစ်နိုင်ငံ အထိမ်းအမှတ်တံဆိပ်များကို အပြန်အလှန်လဲလှယ်ကြပြီး အမှာစကားအသီးသီးပြော ကြား၍ ကော်မတီအဖွဲ့ဝင်များအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ကာ အစည်းအဝေးကို အောင်မြင်စွာရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။