ပေါက်မြို့နယ်၊ ရေပြာကျေးရွာရှိ ရေပြာအခြေခံပညာအထက်တန်းကျောင်းအား PDF အမည်ခံအကြမ်းဖက်သမားများက လက်လုပ်ဗုံးဖြင့် ပစ်ခတ် နေပြည်တော်၊ ဇွန် ၂၉

Wednesday, June 29, 2022 - 16:45

ပေါက်မြို့နယ်၊ ရေပြာကျေးရွာရှိ ရေပြာအခြေခံပညာအထက်တန်းကျောင်းအား PDF အမည်ခံအကြမ်းဖက်သမားများက လက်လုပ်ဗုံးဖြင့် ပစ်ခတ်

နေပြည်တော်၊ ဇွန် ၂၉

            NUG အမည်ခံအကြမ်းဖက်အဖွဲ့နှင့် ၎င်း၏လက်အောက်ခံ PDF အမည်ခံ အကြမ်းဖက် သမားများသည် ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ မိဘများအား ခြိမ်းခြောက်အကြပ်ကိုင်ခြင်း၊ ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ပညာရေးဆိုင်ရာ အဆောက်အဦများအား မီးရှို့ဖျက်ဆီးခြင်း၊ မိုင်းထောင် ဖောက်ခွဲခြင်း၊ အထောက်အကူပြုပစ္စည်းများနှင့် ကျောင်းသုံးပုံနှိပ်စာအုပ်များ၊ ကျောင်းသုံးစာအုပ် များအား မီးရှို့ဖျက်ဆီးခြင်း၊ အတင်းအဓမ္မလုယူခြင်း စသည့် နည်းလမ်းမျိုးစုံ အသုံးပြုကာ ပညာရေးကဏ္ဍမြင့်မားရေးကို နှောင့်ယှက်ဖျက်ဆီးလျက်ရှိသည်။

            ထိုသို့ဆောင်ရွက်လျက်ရှိရာ ဇွန်လ ၂၈ ရက် နံနက် ၉ နာရီခန့်တွင် မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်၊ ရေပြာကျေးရွာ အဝင်လမ်းအတိုင်း ဆိုင်ကယ်မောင်းနှင်လာသည့် အကြမ်းဖက်သမား အမျိုးသား ၂ ဦးက ရေပြာအခြေခံပညာအထက်တန်းကျောင်းအတွင်းသို့ လက်လုပ်အသံဗုံး ၁ လုံး ဖြင့် ပစ်ပေါက်ထွက်ပြေးသွားခဲ့သဖြင့် ကျောင်းအနောက်တောင်ဘက်ရှိ အုတ်တံတိုင်းအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။

            ဖြစ်စဉ်တွင် ပါဝင်ပတ်သက်သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိပြီး တိုင်းရင်းသားပြည်သူ လူထုတစ်ရပ်လုံးအနေဖြင့်လည်း ယခုကဲ့သို့ ယုတ်မာရိုင်းစိုင်းသည့်လုပ်ရပ်ကို ကျူးလွန်ခဲ့သည့်၊ ကျူးလွန်ရန် အားပေးလှုံ့ဆော်နေသည့် NUG၊ PDF အမည်ခံအကြမ်းဖက်အဖွဲ့များအပေါ် ဝိုင်းဝန်း ဆန့်ကျင်ကြရန်နှင့် အကြမ်းဖက်အဖွဲ့များ၏ လှုပ်ရှားမှုသတင်းများရရှိပါက လုံခြုံရေးတပ်ဖွဲ့ဝင်များ နှင့် သက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့များထံ သတင်းပို့ခြင်းဖြင့် ပြည်သူ့လုံခြုံရေး၊ အနာဂတ်ရင်သွေး ငယ်များ၏ လုံခြုံရေးကို ဝိုင်းဝန်းကူညီပေးကြပါရန် မေတ္တာရပ်ခံတိုက်တွန်းထားကြောင်း သတင်း ရရှိသည်။