ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများအား Covid-19 ရောဂါ ကာကွယ်ဆေးထိုးနှံ

Wednesday, March 31, 2021 - 09:45

နေပြည်တော်၊ ဖေဖော်ဝါရီ - ၂၇

တပ်မတော်အနေဖြင့် တိုင်းစစ်ဌာနချုပ်နယ်မြေအသီးသီးရှိ ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများအပါအဝင် လူမျိုးမရွေး၊ ဘာသာမရွေး အသက်(၆၅)နှစ်အထက် သက်ကြီးဘိုးဘွားများနှင့် ဌာနဆိုင်ရာဝန်ထမ်းများအား Covid-19 ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိသည်။

ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့၊ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် ဇမ္ဗူအေးအေတီတပ်ဦးပရိယတ္တိစာသင်တိုက် ဆရာတော် ဘဒ္ဒန္တ ဥတ္တမ အမှူးပြုသော မြို့ပေါ်ကျောင်းတိုက်များမှ သံဃာတော် ၂၀ ပါးအား သီရိမင်္ဂလာမန်ဆူ ရှမ်းကျောင်း၌လည်းကောင်း၊ မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ မြစေတီစာသင်တိုက်ပဓာနနာယက ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တဝိမလဗုဒ္ဓိ အမှူးပြုသော မြို့ပေါ်ကျောင်းတိုက်များမှ သံဃာတော် ၂၀ ပါးအား မြစေတီစာသင်တိုက်၌လည်းကောင်း တိုင်းစစ်ဌာနချုပ်များမှ ဆေးအဖွဲ့များက ကျန်းမာရေးစစ်ဆေးပေးပြီး Covid-19 ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းများ ဆောင်ရွက်ပေးကြသည်။

 

သွားရောက်ကြည့်ရှုဖူးမြော်ကြည်ညိုကြပြီး န၀ကမ္မအလှူငွေများနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကာ သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်း ခဲ့ကြောင်း သတင်းရရှိသည်။