ကျန်းမာရေးအခက်အခဲများဖြစ်ပေါ်နေသည့် မူဆယ်မြို့ရှိ ဒေသခံပြည်သူများက မြို့နယ် ပြည်သူ့ဆေးရုံမှ ကျန်းမာရေးဝန်ထမ်းများကို သက်ဆိုင်ရာသို့တိုင်ကြား

Tuesday, March 30, 2021 - 09:45

နေပြည်တော်၊ ဖေဖော်ဝါရီ - ၂၆ 

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့ ပြည်သူ့ဆေးရုံရှိ ဆေးရုံအုပ်ကြီး အပါအဝင် ကျန်းမာရေးဝန်ထမ်းများသည် ၎င်းတို့၏ တာဝန်များကို ထမ်းဆောင်ခြင်းမရှိသောကြောင့် ကျန်းမာရေးအခက်အခဲများဖြစ်ပေါ်နေသည့် ဒေသခံပြည်သူများက အဆိုပါကျန်းမာရေး ဝန်ထမ်းများကို ဖေဖော်ဝါရီ ၂၀ ရက်တွင် မူဆယ်မြို့နယ် စီမံအုပ်ချုပ်ရေးကောင်စီနှင့် မူဆယ်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ တိုင်ကြားထားကြောင်း သိရှိရသည်။

မြို့နယ်ပြည်သူ့ဆေးရုံရှိ ဆေးရုံအုပ်ကြီး ဒေါက်တာဟန်နိုင်စိုး အပါအဝင် ဆရာဝန် ၂၀ ဦးနှင့် သူနာပြု ၁၁၄ ဦးတို့သည် ဒေသခံပြည်သူများ၏ ကျန်းမာရေးကို လစ်လျူရှု၍ CDM တွင်ပါဝင်ပြီး ၎င်းတို့ ထမ်းဆောင်ရမည့် တာဝန်များကို ဖေဖော်ဝါရီ ၁ ရက်မှစတင်၍ ထမ်းဆောင်ခြင်းမရှိဘဲ ပျက်ကွက်ခဲ့ခြင်းဖြစ်သဖြင့် ဒေသခံပြည်သူများ စုပေါင်း၍ လက်မှတ် ရေးထိုးတိုင်ကြားခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။