မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့တွင် ပြုလုပ်သော တပ်မတော်ထောက်ခံပွဲသို့ တက်ရောက် ခဲ့သူများအား NLD ထောက်ခံသူများက တုတ်၊ ဓားများဖြင့် တိုက်ခိုက်

Tuesday, March 30, 2021 - 09:45

နေပြည်တော်၊ ဖေဖော်ဝါရီ - ၂၆ 

တပ်မတော်အနေဖြင့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ဖွဲ့စည်းပုံအခြေခံ ဥပဒေ(၂၀၀၈ ခုနှစ်)နှင့်အညီ နိုင်ငံတော်၏ တာဝန်အရပ်ရပ်အား အရေးပေါ်ကာလ ပြဋ္ဌာန်းချက်ပါအတိုင်း ခေတ္တထိန်းသိမ်းပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို ဖွဲ့စည်း၍ နိုင်ငံတော်၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး စသည့် ဘက်စုံမှတိုးတက်ကောင်းမွန်လာစေရေး ဆောင်ရွက်လျက်ရှိသည့်အပေါ် နိုင်ငံတစ်ဝန်းတပ်မတော်ထောက်ခံပွဲကို ကျင်းပဆောင်ရွက် လျက်ရှိသည်။ ဖေဖော်ဝါရီလ ၂၃ ရက်တွင် မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့၌ ပြုလုပ်ခဲ့ရာ မြိုင်မြို့နယ်၊ ကျက်စားကျေးရွာနေသူအချို့က ပါဝင်တက်ရောက်ခဲ့ကြသည်။

ထိုသို့ ထောက်ခံပွဲတက်ရောက်ပြီး ကျေးရွာသို့ ပြန်လာစဉ် တစ်ရွာတည်းနေ NLD ထောက်ခံသော ဦးမြင့်ဦးနှင့် ဦးမြင့်ဝင်း တို့ဦးဆောင်သော ၁၁ ဦးက ရန်လိုစကားများပြော ကြားပြီး အကြောင်းမဲ့ တုတ်၊ ဓား များဖြင့် ဝင်ရောက်ရိုက်နှက်တိုက်ခိုက်ခဲ့သည်။ ယင်းသို့ ရန်လိုတိုက်ခိုက် ခဲ့ခြင်းကြောင့် ထောက်ခံပွဲသို့ ပါဝင်တက်ရောက်ခဲ့သူနှင့် မိသားစုဝင်များတွင် ထိခိုက်ဒဏ်ရာများ အသီးသီးရရှိခဲ့သဖြင့် မြိုင်ပြည်သူ့ဆေးရုံသို့ ဆေးကုသရန် သွားရောက် ခဲ့သော်လည်း ဆေးကုသပေးခြင်း မရှိခြင်းကြောင့် မုံရွာမြို့ရှိ တပ်မတော်ဆေးရုံသို့ သွားရောက် ဆေးကုသမှုခံယူခဲ့ကြောင်း သိရှိရသည်။ NLD ထောက်ခံသူများအနေဖြင့် ယခုကဲ့သို့ မင်းမဲ့စရိုက်ဆန်စွာ ရန်စတိုက်ခိုက်မှုမျိုး ဆောင်ရွက်ခြင်းနှင့် ဆေးကုသပေးမှုမရှိသော မြိုင် ပြည်သူ့ဆေးရုံမှ တာဝန်ရှိဝန်ထမ်းများအားလုံးအား တည်ဆဲဥပဒေများနှင့်အညီ ထိရောက်စွာ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။