သတင်းထုတ်ပြန်ခြင်း
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၆ ရက်နေ့၊ နေ့လည် ၁ နာရီခွဲ အချိန်တွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနား၊ ယုဇနလမ်းသွယ်တွင် လူစုလူဝေးပြုလုပ်ကာ လမ်းအချို့အား အကာအရံ အတားအဆီးများဖြင့် ပိတ်ဆို့ခြင်း၊ ပလပ်စတစ်ပုံးကြီးများအား ထက်ခြမ်း ခြမ်း၍ ရဲတပ်ဖွဲ့သုံး (ဒိုင်း)ကြီးများသဖွယ်ပြုလုပ်ပြီး တုတ်/ ဓား ကိုင်ဆောင်ထားသူ ၂၅၀ ကျော်ခန့်မှာ ထိုင်သပိတ် ပြုလုပ်၍ ကြွေးကြော်သံများဖြင့် အော်ဟစ်ဆူပူလူစုလူဝေးပြုလုပ်နေကြောင်း သတင်းရရှိခဲ့ပါသည်။
သတင်းရရှိလျှင်ရရှိချင်း လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ဥပဒေနှင့်အညီထိန်းသိမ်းနိုင်ရေး အဆိုပါ နေရာသို့ သွားရောက်ခဲ့ရာ တပ်ဖွဲ့ဝင်များအား ခဲများဖြင့်ပစ်ပေါက်ခြင်း၊ လောက်လေးဂွများဖြင့် ပစ်ခတ်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ အသံမြည်ဗုံးအသုံးပြု၍ (.၁၂)ဗို့ ဖြင့် အသံပေးခြောက်လှန့် ပစ်ခတ်ခဲ့ရာ နေ့လည် ၂ နာရီ ၁၅ မိနစ်ခန့်တွင် လူစုကွဲသွားခဲ့ပါသည်။ ဖော်ပြပါဖြစ်စဉ်တွင် ပါဝင်ဆူပူအော်ဟစ်လှုပ်ရှားသူ အမျိုးသား (၁၉)ဦး၊ အမျိုးသမီး (၆)ဦး၊ စုစုပေါင်း (၂၅)ဦးတို့အား ဖမ်းဆီးထိန်းသိမ်းစစ်ဆေးလျက်ရှိပြီး တရားဥပဒေနှင့်အညီ ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။