လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် ပေါင်မြို့နယ်၊ အလှပ်ကျေးရွာရှိ လေဘေးသင့်ပြည်သူများအား ထောက်ပံ့ငွေများနှင့် ပစ္စည်းများ ပေးအပ်
နေပြည်တော်၊ မေ - ၂၅
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ အလှပ်ကျေးရွာ၌ မေ ၂၄ ရက်နေ့လယ်ပိုင်းတွင် လေဆင်နှာမောင်းတိုက်ခတ်ခဲ့သဖြင့် အဆိုပါကျေးရွာရှိ နေအိမ် ၈၈ လုံးနှင့် ဘုန်းတော်ကြီးကျောင်း ၃ ကျောင်း ပျက်စီးခဲ့ပြီး အဆိုပါဒေသခံပြည်သူများအား ထောက်ပံ့ငွေများနှင့် ပစ္စည်းများပေးအပ်ပွဲကို ယနေ့နံနက်ပိုင်းတွင် ကျေးရွာရှိ တာပိဋကရာမပရိယတ္တိမွန်ကျောင်း၌ ပြုလုပ်ရာ မွန်ပြည်နယ်၊ သဘာဝဘေးအန္တ ရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥက္ကဋ္ဌ၊ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ အရှေ့ တောင်တိုင်းစစ်ဌာနချုပ်၊ တိုင်းမှူး ဗိုလ်ချုပ် ကိုကိုမောင် နှင့် ဌာနဆိုင်ရာတာဝန်ရှိ သူများ၊ အလှူရှင်းများ၊ လေဘေးသင့်ပြည်သူများ တက်ရောက်ကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က အမှာစကားပြောကြားသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက ထောက်ပံ့ငွေများနှင့် ပစ္စည်း များပေးအပ်ရာ လေဘေးသင့်ပြည်သူများကိုယ်စား တာဝန်ရှိသူများက လက်ခံရယူ ကြပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။ ၎င်းနောက် ပြည်နယ်ဝန်ကြီး ချုပ်၊ တိုင်းမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက လေဘေးသင့်ပြည်သူများအား ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်အားပေးစကားပြောကြားခဲ့ကြောင်း သတင်းရရှိ သည်။