နေပြည်တော်၊ ဖေဖော်ဝါရီ - ၂၅
စစ်ကိုင်းတိုင်းဒေသကြီး၊ တန့်ဆည်မြို့နယ်၊ ကန်ထူးမတိုက်နယ်ဆေးရုံတွင် ဆေးကု သရေးတာဝန်များကိုထမ်းဆောင်နေသော ဒေါက်တာ နေဇော်အောင်အား CDM လှုပ်ရှား သူများမှ ဆေးရုံပိတ်သိမ်းပြီး CDM လှုပ်ရှားမှုများတွင်ပါဝင်ရန် အတင်းအဓမ္မ ဖိအားပေး ပြောဆိုခြင်း၊ လူစုလူဝေးဖြင့် ခြိမ်းခြောက်လာခြင်းတို့ကို လုပ်ဆောင်လာသဖြင့် ဒေါက်တာ နေဇော်အောင်မှ CDM လှုပ်ရှားမှုတွင် မပါဝင်ရသည့်အကြောင်းရင်းနှင့် ၎င်း၏ တာဝန် ထမ်းဆောင်မှုများကို ပြန်လည်ရှင်းလင်းပြောကြားသည့် Video ရုပ်သံဖိုင်တစ်ခု လူမှု ကွန်ရက်ပေါ်တွင် ဖေဖော်ဝါရီလ ၂၄ ရက်၌ ပျံ့နှံခဲ့ပါသည်။
အဆိုပါရုပ်သံဖိုင်တွင် CDM လှုပ်ရှားသူများသည် ကန်ထူးမ တိုက်နယ်ဆေးရုံတွင် လူနာ များအား တာဝန်သိစွာဖြင့် ဆေးဝါးကုသပေးနေသည့် ဒေါက်တာ နေဇော်အောင်အား ရိုင်းပျသောအပြုအမူများ၊ ရုတ်ရင်းကြမ်းတမ်းသောပြောဆိုချက်များဖြင့် အတင်းအဓမ္မ ဖိအားပေး ခြိမ်းခြောက်ပြောဆိုခဲ့မှုများအပေါ် ဒေါက်တာ နေဇော်အောင်မှ CDM လှုပ်ရှားမှုတွင် မပါဝင်ရသည့် ၎င်း၏သဘောထားများ၊ လက်ရှိဆေးရုံတက်ရောက်ကုသ နေသောလူနာများ၏ ဆေးကုသမှုလိုအပ်သည့်အခြေအနေများ၊ ဆေးရုံပိတ်သိမ်းပါက ပြည်သူများကျန်းမာရေး အခက်အခဲဖြစ်ပေါ်လာနိုင်မည့်အခြေအနေများအား တုံ့ပြန်မေးခွန်းများမေးမြန်းပြီး ရှင်းလင်း ပြောဆိုခဲ့ပါသည်။ CDM လှုပ်ရှားသူများအနေဖြင့် ဒေါက်တာ နေဇော်အောင်၏ တုံ့ပြန်မေးခွန်းများ အပေါ် အချက်ကျကျ တုံ့ပြန်ဖြေကြားမှု မပြုလုပ်နိုင်သည့်အပြင် ရောဂါဝေဒနာခံစား နေရသော လူနာများအပေါ် စာနာစိတ်ကင်းမဲ့စွာဖြင့် ဆေးရုံပိတ်သိမ်းရေးနှင့် ဒေါက်တာ နေဇော်အောင်အား CDM လှုပ်ရှားမှုတွင် ပါဝင်ဆောင်ရွက်ပေးရန်ကိုသာ အတင်း အဓမ္မပြောဆိုပြီး ဒေါက်တာ နေဇော်အောင်၏ တာဝန်ထမ်းဆောင်မှုအပေါ် နှောင့်ယှက် တားဆီးခြင်း၊ လူစုလူဝေးဖြင့် ဝိုင်းဝန်းအော်ဟစ်ခြင်းနှင့် ဥပဒေမဲ့ မထေမဲ့မြင် ပြုလုပ်ခြင်းများကို မြင်တွေ့ရပါသည်။
အဆိုပါဖြစ်စဉ်တွင် ဒေါက်တာ နေဇော်အောင်သည် ဆေးရုံပေါ်တွင်ရှိနေသော လူနာ များအတွက် တာဝန်သိဆရာဝန်ကောင်းတစ်ဉီးအနေဖြင့် ဆရာဝန်တစ်ဦး၏ ကျင့်ဝတ် သိက္ခာနှင့်အညီ စေတနာထားလုပ်ဆောင်ချက်မှာ ပေါ်လွင်နေပြီး CDM လှုပ်ရှားသူများ အနေဖြင့် ပြည်သူလူထု၏ ကျန်းမာရေးအခက်အခဲများကို မျက်ကွယ်ပြုပြီး လူသားချင်း စာနာစိတ် ကင်းမဲ့စွာဖြင့် ၎င်းတို့ဖြစ်စေချင်သည့် CDM လှုပ်ရှားမှု အောင်မြင်ရေးအတွက် မလုပ်သင့်မလုပ်ထိုက်သည့် လုပ်ဆောင်ချက်များကို ဥပဒေနှင့်ဆန့်ကျင်ပြီး အတင်းအဓမ္မ လုပ်ဆောင်ခြင်းဖြစ်ကြောင်း မြင်တွေ့ရပါသည်။ အလားတူ ရန်ကုန်တိုင်းဒေသကြီး၊ လမ်းမတော်မြို့နယ်၊ အမှတ်(၄)ရပ်ကွက်၊ မြို့နယ်စီမံအုပ်ချုပ်ရေးမှူးရုံးတွင် တာဝန်ထမ်းဆောင်နေသည့် နိုင်ငံ့ဝန်ထမ်းတစ်ဦးအား နိုင်ငံတော်၏ အုပ်ချုပ်မှုယန္တရားကို လည်ပတ်မှုကို ပျက်ပြားစေလိုသူအချို့က CDM တွင် ပါဝင်လာစေရန် ဖိအားပေးခြိမ်းခြောက် အကြပ်ကိုင်ခြင်း၊ ဆဲဆိုအော်ဟစ်ပြောဆိုနေသည့် ဗွီဒီယိုဖိုင်တစ်ခုလည်း လူမှုကွန်ရက်ပေါ်တွင် ပျံ့နှံ့ခဲ့သည်။
ထိုကဲ့သို့ နိုင်ငံတော်နှင့်ပြည်သူလူထုအပေါ် သစ္စာရှိစွာဖြင့် မိမိလုပ်ငန်းတာဝန်များ ကိုကျေပွန်စွာ ထမ်းဆောင်လျက်ရှိသည့် ဝန်ထမ်းများအား ဖိအားပေးအကြပ်ကိုင်မှု ဖြစ်စဉ်များ၊ စော်ကားပြုမှုခြင်းများ၊ Social Punishment ပြုလုပ်မှုများသည် နိုင်ငံတော် ၏ အုပ်ချုပ်မှုယန္တရားလှည့်ပတ်မှုကို ပျက်စီးစေနိုင်ခြင်း၊ တရားဉပဒေစိုးမိုးရေးအား မထီမဲ့ မြင်ပြုလုပ်သည့်လုပ်ရပ်များဖြစ်ခြင်းတို့ကြောင့် အများပြည်သူများအနေဖြင့် အဆိုပါ အဓမ္မ လူအုပ်စုဖွဲ့အနိုင်ကျင့်သည့် ပြုမူမှုမျိုးကို ရှောင်ကျဉ်နိုင်ပါရန် သက်ဆိုင်ရာမှ သတိပေးနှိုးဆော်ထားပြီး ပြုလုပ်ပါက တည်ဆဲဉပဒေများနှင့်အညီ ထိရောက်စွာ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ဉပဒေမဲ့လုပ်ရပ်များအား သက်ဆိုင်ရာ ဖုန်းနံပါတ် များသို့ တိုင်ကြားနိုင်ကြောင်း သတင်းရရှိသည်။