Monday, May 16, 2022 - 15:30
နေပြည်တော်၊ မေ - ၁၆
ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ အမှတ်(၆)အခြေခံပညာအထက်တန်းကျောင်းနှင့် အမ်းမြို့ရှိ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတို့၌ ယနေ့တွင် အနောက်ပိုင်း တိုင်းစစ်ဌာနချုပ်၊ စစ်တွေတပ်နယ်နှင့် အမ်းတပ်နယ်တို့မှ နယ်မြေခံတပ်မတော်သား များက စာသင်ကျောင်းများအတွင်း ချုံနွယ်ပေါင်းမြက်များ ခုတ်ထွင်
ရှင်းလင်းခြင်း၊ အမှိုက်များရှင်းလင်းခြင်း၊ ရေစီးရေလာကောင်းမွန်ရေးအတွက် ရေနုတ်မြောင်းများ တူးဖော်ပေးခြင်း၊ စာသင်ခန်းများအတွင်း သန့်ရှင်းရေးဆောင်ရွက်ခြင်းနှင့် စာသင်ခုံ များ စနစ်တကျနေရာချခြင်းစသည့် ကျောင်းသန့်ရှင်းရေးလုပ်ငန်းများကို ဆောင်ရွက် ပေးခဲ့ကြကြောင်း သတင်းရရှိသည်။