PDF အမည်ခံအကြမ်းဖက်သမားများ၏ အကြမ်းဖက် လုပ်ရပ်များကြောင့် ဘေးလွတ် ရာသို့ ယာယီတိမ်းရှောင်နေရာမှ မိမိနေရပ်သို့ ပြန်လည်ဝင်ရောက်လာသည့် ဒေသခံတိုင်းရင်းသား ပြည်သူများအား လိုအပ်သည်များ ကူညီဆောင်ရွက်
နေပြည်တော်၊ မေ - ၁၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရွာငံမြို့နယ်၊ နန်းခုံကျေးရွာအုပ်စု၊ ပဲရင်းတောင် ကျေးရွာရှိ အိမ်ထောင်စု ၁၆ စုမှ အမျိုးသား ၁ ဦး၊ အမျိုးသမီး ၁၈ ဦး၊ကလေး ၉ ဦး၊ စုစုပေါင်း ၂၈ ဦးတို့သည် PDF အမည်ခံအကြမ်းဖက်သမားများ၏ အကြမ်းဖက် လုပ်ရပ်များကြောင့် ဘေးလွတ်ရာသို့ ယာယီတိမ်းရှောင်နေကြရာမှ မေ ၉ ရက်တွင် ၎င်းတို့၏ နေရပ်သို့ ပြန်လည်ဝင်ရောက်လာခဲ့ကြသည်။
မိမိနေရပ်သို့ ပြန်လည်ဝင်ရောက်လာသည့် ဒေသခံ တိုင်းရင်းသား ပြည်သူများအား အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများက လှိုက်လှဲစွာ ကြိုဆိုခဲ့ကြပြီး လိုအပ်သည့် ကူညီထောက်ပံ့မှုများ ဆောင်ရွက်ပေးသည်။ ထို့ပြင် တိုင်းစစ်ဌာနချုပ်မှ နယ်မြေခံဆေးအဖွဲ့က လိုအပ်သည့် ကျန်းမာ ရေးစစ်ဆေးပေးမှုများ ဆောင်ရွက်ပေးပြီး ၎င်းတို့နေထိုင်သည့် နေအိမ်များသို့ ဆက်လက်ပို့ဆောင်ပေးခဲ့ကြောင်း သတင်းရရှိသည်။