စက်သုံးဆီဖူလုံမှုရှိစေရေးနှင့် ဈေးနှုန်းတည်ငြိမ်မှုရှိစေရေးအတွက် ဆောင်ရွက်မည့် အစီအမံ အား နေပြည်တော်ကောင်စီနှင့် နေပြည်တော် ရေနံနှင့် ရေနံထွက်ပစ္စည်းဆိုင်ရာလုပ်ငန်း ဆပ်ကော်မတီသို့ ရှင်းလင်းဆွေးနွေးပွဲပြုလုပ်
နေပြည်တော်၊ မေ -၂
စက်သုံးဆီဖူလုံမှုရှိစေရေးနှင့် ဈေးနှုန်းတည်ငြိမ်မှုရှိစေရေးအတွက် ဆောင်ရွက်မည့် အစီ အမံများအား နေပြည်တော်ကောင်စီနှင့် နေပြည်တော်ရေနံနှင့် ရေနံထွက်ပစ္စည်းဆိုင်ရာ လုပ် ငန်းဆပ်ကော်မတီသို့ ရှင်းလင်းဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်က စက်သုံးဆီ အရည် အသွေးနှင့် အရေအတွက် ပြည့်မီမှန်ကန်စွာ ဝယ်ယူရရှိနိုင်ရေးတို့အတွက် စက်သုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်းများအပေါ် ဆောင်ရွက်သွားမည့် အစီအမံများနှင့် စပ်လျဉ်း၍ လိုက်နာဆောင်ရွက်ခြင်းရှိ/မရှိကို ပိုမိုထိရောက်စွာ ထိန်းကျောင်းနိုင်ရေး စီမံဆောင် ရွက်သွားရန် တိုက်တွန်းကြောင်း ပြောကြားသည်။
ထို့နောက် ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာန စစ်ဆေးရေးအရာရှိချုပ် ဦးနိုင်ဝင်းထွန်းက စက်သုံးဆီဖူလုံမှုရှိစေရေးနှင့် ဈေးနှုန်းတည်ငြိမ်မှုရှိစေရေးအတွက် လုပ်ငန်း ဆောင်ရွက်ချက်များနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
ယင်းနောက် နေပြည်တော်ကောင်စီအဖွဲ့ဝင်များ နှင့် ဌာနဆိုင်ရာများက စက်သုံးဆီဖူလုံမှု ရှိစေရေးနှင့် ဈေးနှုန်းတည်ငြိမ်မှုရှိစေရေး၊ သိုလှောင်ခြင်း၊ ဖြန့်ဖြူးရောင်းချခြင်း လုပ်ငန်းစဉ် များနှင့်စပ်လျဉ်း၍ အသီးသီးဆွေးနွေးတင်ပြကြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက လိုအပ်သည် များကို ဖြည့်စွက်ဆွေးနွေးပေးခဲ့ကြောင်း သတင်းရရှိသည်။