ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
အမိန့်အမှတ်၊ ၃၂ / ၂၀၂၂
၁၃၈၄ ခုနှစ်၊ ကဆုန်လဆန်း ၃ ရက်
(၂၀၂၂ ခုနှစ်၊ မေလ ၂ ရက်)
ပြည်ထောင်စုဝန်ကြီးတာန်မှ အနားယူခွင့်ပြုခြင်း
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်သန်းဦးအား တာဝန်မှအနားယူ ခွင့်ပြုလိုက်သည်။
အမိန့်အရ
အောင်လင်းဒွေး
ဒုတိယဗိုလ်ချုပ်ကြီး
အတွင်းရေးမှူး
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
အမိန့်အမှတ်၊ ၃၃ / ၂၀၂၂
၁၃၈၄ ခုနှစ်၊ ကဆုန်လဆန်း ၃ ရက်
(၂၀၂၂ ခုနှစ်၊ မေလ ၂ ရက်)
ပြည်ထောင်စုဝန်ကြီးဌာန ပြင်ဆင်ဖွဲ့စည်းခြင်း
လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍကို ပိုမိုထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက် နိုင်ရန်အလို့ငှာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအား အောက်ပါပြည်ထောင်စုဝန်ကြီးဌာနများအဖြစ် ပြင်ဆင် ဖွဲ့စည်းလိုက်သည်-
(၁) လျှပ်စစ်စွမ်းအားဝန်ကြီးဌာန
(၂) စွမ်းအင်ဝန်ကြီးဌာန
အမိန့်အရ
အောင်လင်းဒွေး
ဒုတိယဗိုလ်ချုပ်ကြီး
အတွင်းရေးမှူး
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
အမိန့်အမှတ်၊ ၃၄ / ၂၀၂၂
၁၃၈၄ ခုနှစ်၊ ကဆုန်လဆန်း ၃ ရက်
(၂၀၂၂ ခုနှစ်၊ မေလ ၂ ရက်)
ပြည်ထောင်စုဝန်ကြီး ခန့်အပ်တာဝန်ပေးခြင်း
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ ဦးသောင်းဟန် အား လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးအဖြစ် ခန့်အပ် တာဝန်ပေးပြီး စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးတာဝန်ကို ပူးတွဲထမ်းဆောင် စေလိုက်သည်။
အမိန့်အရ
အောင်လင်းဒွေး
ဒုတိယဗိုလ်ချုပ်ကြီး
အတွင်းရေးမှူး
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
အမိန့်အမှတ်၊ ၃၅ / ၂၀၂၂
၁၃၈၄ ခုနှစ်၊ ကဆုန်လဆန်း ၃ ရက်
(၂၀၂၂ ခုနှစ်၊ မေလ ၂ ရက်)
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ခန့်အပ်တာဝန်ပေးခြင်း
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းမင်းဦး အား ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်အဖြစ် ပြောင်းရွေ့ခန့်အပ်တာဝန်ပေး လိုက်သည်။
အမိန့်အရ
အောင်လင်းဒွေး
ဒုတိယဗိုလ်ချုပ်ကြီး
အတွင်းရေးမှူး
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
အမိန့်အမှတ်၊ ၃၆ / ၂၀၂၂
၁၃၈၄ ခုနှစ်၊ ကဆုန်လဆန်း ၃ ရက်
(၂၀၂၂ ခုနှစ်၊ မေလ ၂ ရက်)
စစ်ဘက်မူလတာဝန် ပြန်လည်ထမ်းဆောင်စေခြင်း
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးအဖြစ် ခန့်အပ်ပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရဲချုပ် တာဝန်ကို ပူးတွဲတာဝန်ပေးအပ်ထားသည့် ဒုတိယဗိုလ်ချုပ်ကြီး သန်းလှိုင်အား စစ်ဘက် မူလတာဝန်များ ပြန်လည်ထမ်းဆောင်စေလိုက်သည်။
အမိန့်အရ
အောင်လင်းဒွေး
ဒုတိယဗိုလ်ချုပ်ကြီး
အတွင်းရေးမှူး
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
အမိန့်အမှတ်၊ ၃၇ / ၂၀၂၂
၁၃၈၄ ခုနှစ်၊ ကဆုန်လဆန်း ၃ ရက်
(၂၀၂၂ ခုနှစ်၊ မေလ ၂ ရက်)
ဒုတိယဝန်ကြီးခန့်အပ်တာဝန်ပေးခြင်းနှင့် ရဲချုပ်တာဝန် ပူးတွဲတာဝန်ပေးခြင်း
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ ဗိုလ်ချုပ် ဇင်မင်းထက် အား ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးအဖြစ်ခန့်အပ်ပြီး ရဲချုပ်တာဝန်ကို ပူးတွဲတာဝန်ပေးလိုက်သည်။
အမိန့်အရ
အောင်လင်းဒွေး
ဒုတိယဗိုလ်ချုပ်ကြီး
အတွင်းရေးမှူး
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
အမိန့်အမှတ်၊ ၃၈ / ၂၀၂၂
၁၃၈၄ ခုနှစ်၊ ကဆုန်လဆန်း ၃ ရက်
(၂၀၂၂ ခုနှစ်၊ မေလ ၂ ရက်)
ဒုတိယဝန်ကြီး ပြောင်းရွှေ့တာဝန်ပေးအပ်ခြင်း
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးထွန်းအုံ အား သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးအဖြစ် ပြောင်းရွေ့ခန့်အပ် တာဝန်ပေးလိုက်သည်။
အမိန့်အရ
အောင်လင်းဒွေး
ဒုတိယဗိုလ်ချုပ်ကြီး
အတွင်းရေးမှူး
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
အမိန့်အမှတ်၊ ၃၉ / ၂၀၂၂
၁၃၈၄ ခုနှစ်၊ ကဆုန်လဆန်း ၃ ရက်
(၂၀၂၂ ခုနှစ်၊ မေလ ၂ ရက်)
ဒုတိယဝန်ကြီးများ ခန့်အပ်တာဝန်ပေးခြင်း
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ အောက်ဖော်ပြပါ ပုဂ္ဂိုလ်များအား ယှဉ်တွဲပါပြည်ထောင်စုဝန်ကြီးဌာနများ၏ ဒုတိယဝန်ကြီးများ အဖြစ် ခန့်အပ်တာဝန်ပေးလိုက်သည်-
(၁) ဒေါက်တာ မိုးဇော်ထွန်း သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန
(၂) ဦးမင်းသူ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန
(၃) ဒေါက်တာ အောင်ဇေယျ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန
(၄) ဦးသန့်စင် စွမ်းအင်ဝန်ကြီးဌာန
အမိန့်အရ
အောင်လင်းဒွေး
ဒုတိယဗိုလ်ချုပ်ကြီး
အတွင်းရေးမှူး