နေပြည်တော်၊ ဧပြီ - ၃၀
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ အမှတ်(၆)ရပ်ကွက်၊ ဘန့်ဘွေးကုန်းလမ်းရှိ ဒေါ်ရင်ရင်(ခ) အားရင်စိန်(ဘ)ဦးရှောက်နယ်ပိုင်ဆိုင်သည့် ရွှေဒေါင်းအထည်နှင့် စတိုးဆိုင်၌ ယနေ့နံနက် ၁ နာရီ ၂၅ မိနစ်ခန့်တွင် ခြင်ဆေးထွန်းရာမှတစ်ဆင့် မီးလောင်ကျွမ်းမှုစတင် ဖြစ်ပွားခဲ့ရာ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များက ရပ်ကွက်နေပြည်သူ များနှင့် ပူးပေါင်း၍ မီးသတ်ယာဉ် ၈ စီး၊ ရေသယ်ယာဉ် ၃ စီးတို့ဖြင့် ဝိုင်းဝန်းငြှိမ်းသတ် ခဲ့သဖြင့် နံနက် ၂ နာရီ ၈ မိနစ်ခန့်တွင် မီးငြိမ်းသွားခဲ့သည်။
မီးလောင်မှုကြောင့် နေအိမ် ၅ လုံး မီးလောင်ပျက်စီးခဲ့ပြီး အနောက်တောင်တိုင်း စစ်ဌာနချုပ်၊ ကွပ်ကဲမှုအောက် တပ်ရင်း/ တပ်ဖွဲ့များမှ နယ်မြေခံ တပ်မတော်သားများနှင့် ဌာနဆိုင်ရာဝန်ထမ်းများက အပျက်အစီးများဖယ်ရှားရှင်းလင်းခြင်းနှင့် လိုအပ်သည့်ကူညီ ကယ်ဆယ်ရေးလုပ်ငန်းများသွားရောက်ဆောင်ရွက်ပေးသည်။ ထိုသို့ဆောင်ရွက်ပေးနေမှု များကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှု၍ မီးဘေးသင့် အိမ်ထောင်စု ၅ စုတို့အား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီမှ ထောက်ပံ့သော ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုးပါ ပုံး(၅)ပုံးနှင့် ထောက်ပံ့ငွေများ ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။