ပြည်ထောင်စုဝန်ကြီး(ဟောင်း) ဒေါက်တာဝင်းမြတ်အေးအား ဥပဒေနှင့်အညီ အမှုဖွင့်အရေးယူထား

Tuesday, March 30, 2021 - 08:00

နေပြည်တော် ဖေဖော်ဝါရီ ၂၄

ပြည်ထောင်စုဝန်ကြီး(ဟောင်း) ဒေါက်တာဝင်းမြတ်အေးအား ဝန်ထမ်းများကို CDM လှုပ်ရှားမှုတွင် ပါဝင်စေရန် လှုံ့ဆော်ခြင်း၊ ညွှန်ကြားခြင်းကြောင့် ဥပဒေနှင့်အညီ အမှုဖွင့်အရေး ယူထားကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

အဆိုပါ သတင်းထုတ်ပြန်ချက်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး (ဟောင်း) ဒေါက်တာဝင်းမြတ်အေးသည် ပြည်ထောင်စုဝန်ကြီး တာဝန်ထမ်းဆောင်ခဲ့သည့် အရှိန်အဝါကို အသုံးပြု၍ ယင်းဝန်ကြီးဌာနနှင့် ဝန်ကြီးဌာနလက်အောက်ရှိ ဦးစီးဌာနများမှ ဝန်ထမ်းများအား CDM လှုပ်ရှားမှုတွင် ပါဝင်စေရန် လှုံ့ဆော်ခြင်း၊ ညွှန်ကြားခြင်းကြောင့် ဝန်ထမ်းများ တာဝန်ပျက်ကွက်မှု၊ ဆူပူဆန္ဒပြမှုများတွင် ပါဝင်စေမှုများဖြစ်ပေါ်လာအောင် လှုံ့ဆော်ရာရောက်သဖြင့် ၎င်းအား ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၂၁ ရက်တွင် ရာဇသတ်ကြီး ပုဒ်မ ၅၀၅-က ဖြင့် သက်ဆိုင်ရာရဲစခန်း၌ အမှုဖွင့်ထားရှိပြီး ဖမ်းဆီး ရမိရေး ဆောင်ရွက်လျက်ရှိကြောင်း၊ ၎င်းနှင့်ပတ်သက်၍ သတင်းရရှိပါက နီးစပ်ရာ ရဲစခန်း များနှင့် နေပြည်တော်၊ တိုင်းဒေသကြီး၊ ပြည်နယ်များ၌ သတင်းပေးတိုင်တန်းရန် ထုတ်ပြန် ထားသည့် ဖုန်းနံပါတ်များသို့ သတင်းပေး တိုင်တန်းနိုင်ကြောင်းနှင့် လက်ခံထားသူများအား ဥပဒေနှင့်အညီ အရေးယူဆောင် ရွက်သွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။