တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများနှင့် ဘုရားပုထိုး၊ စေတီများ၌ ကုသိုလ်ကောင်းမှုပြုလုပ်သူများဖြင့် စည်ကားလျက်ရှိ နေပြည်တော်၊ ဧပြီ - ၁၇

Sunday, April 17, 2022 - 17:00

တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများနှင့် ဘုရားပုထိုး၊ စေတီများ၌ ကုသိုလ်ကောင်းမှုပြုလုပ်သူများဖြင့် စည်ကားလျက်ရှိ

နေပြည်တော်၊ ဧပြီ - ၁၇

မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ်၊ မြန်မာနှစ်ဆန်း ၁ ရက်နေ့၌ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများနှင့် ဘုရားပုထိုး၊ စေတီများ၌ ကုသိုလ် ကောင်းမှုပြုလုပ်သူများဖြင့် စည်ကားလျက်ရှိရာ ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်၊ ဗိုလ်တစ်ထောင်စေတီတော်၊ ကျောက်တော်ကြီးဘုရား၊ စွယ်တော်ဘုရားတို့အပါအဝင် တန်ခိုးကြီးဘုရားစေတီများ၊ မန္တလေးမြို့ရှိ မဟာမြတ်မုနိဘုရားကြီး၊ ပြင်ဦးလွင်မြို့ရှိ မဟာအံထူးကံသာဆုတောင်းပြည့်ဘုရားကြီး၊ နေပြည်တော်ရှိ ဉပ္ပါတသန္တိစေတီတော် မြတ်ကြီးတို့အပါအဝင် နိုင်ငံတစ်ဝန်းရှိ ဘုရားစေတီများ၌ ဘုရားဖူးပြည်သူများဖြင့် စည်ကားလျက်ရှိသည်။

ထို့ပြင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်၊ ချောင်းသာကမ်းခြေ၊ ငွေဆောင် ကမ်းခြေနှင့် ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်၊ ငပလီကမ်းခြေတို့ အပါအဝင် အပန်းဖြေ နေရာများ၌လည်း လာရောက်အပန်းဖြေအနားယူနေသော ပြည်သူများဖြင့် စည်ကား လျက်ရှိကြောင်း သတင်းရရှိသည်။