ရန်ကုန်မြို့ရှိ နိုင်ငံခြားသံရုံးများမှ သံရုံးမိသားစုဝင်များနှင့် သံတမန်မိသားစုများ ရန်ကုန်မြို့တော် မဟာသင်္ကြန်ရေကစားမဏ္ဍပ်၌ မြန်မာ့ရိုးရာအတာရေသဘင်ပွဲ ပျော်ရွှင်စွာ လာရောက်ဆင်နွှဲ ရန်ကုန် ဧပြီ ၁၅

Friday, April 15, 2022 - 16:30

ရန်ကုန်မြို့ရှိ နိုင်ငံခြားသံရုံးများမှ သံရုံးမိသားစုဝင်များနှင့်
သံတမန်မိသားစုများ ရန်ကုန်မြို့တော် မဟာသင်္ကြန်ရေကစားမဏ္ဍပ်၌ မြန်မာ့ရိုးရာအတာရေသဘင်ပွဲ ပျော်ရွှင်စွာ လာရောက်ဆင်နွှဲ

ရန်ကုန် ဧပြီ ၁၅

မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယား ဒီမိုကရက်တစ်ပြည်သူ့ သမ္မတနိုင်ငံ သံအမတ်ကြီး၊ H.E.Mr.Jong Ho Bom ဦးဆောင်သောရန်ကုန်မြို့ရှိ နိုင်ငံခြားသံရုံးများမှ သံရုံးမိသားစု ဝင်များနှင့် သံတမန်မိသားစုများသည် နိုင်ငံခြားရေးဝန်ကြီးဌာန မဟာဗျူဟာ လေ့လာ ရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးဇော်ဖြိုးဝင်း၊ သံတမန် ရေးရာ ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇော်ထွန်းဦး၊ တာဝန်ရှိသူများနှင့်အတူ ယနေ့ (သင်္ကြန်အကြတ်နေ့) နံနက်ပိုင်းတွင် ရန်ကုန်မြို့တော် မဟာသင်္ကြန်ရေကစား မဏ္ဍပ်၌ မြန်မာရိုးရာ အတာရေသဘင်ပွဲတော်ကို ပျော်ရွင်စွာ လာရောက် ဆင်နွှဲကြသည်။

ဦးစွာ သံအမတ်ကြီးနှင့် သံရုံးမိသာစုဝင်များ၊ သံတမန်မိသားစုများအား ရန်ကုန် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်မြို့တော်ဝန် ဦးဗိုလ်ဌေးနှင့် တာဝန်ရှိသူ များက ကြိုဆိုကြပြီး သင်္ကြန်ယိမ်းအဖွဲ့ လုံမပျိုလေးများက သပြေခက်များဖြင့် ရေပက် ဖျန်းကြသည်။

ရန်ကုန်မြို့တော် မဟာသင်္ကြန်မဏ္ဍပ်တွင် လာရောက်ရေကစားသည့် သံအမတ် ကြီးနှင့် သံရုံးမိသားစုဝင်များ၊ သံတမန်မိသားစုများသည် ယိမ်းအဖွဲ့များ  တိုင်းရင်းသား ရိုးရာယဉ်ကျေးမှုအဖွဲ့၊ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှအမေများအဖွဲ့နှင့် အနုပညာ ရှင်များ၊ မြန်မာနိုင်ငံဂီတ အစည်းအရုံးမှအနုပညာရှင်များ၊ မြန်မာနိုင်ငံသဘင်အစည်း အရုံးမှ အနုပညာရှင်များ၏ ပုဂံအက၊ ဇော်ဂျီရုပ် သေးအစွမ်းပြအက တို့ဖြင့် သီဆိုကပြ ဖျော်ဖြေမှုကို ကြည့်ရှုအားပေးကြပြီး ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန် မြို့တော်ဝန်ဦး ဗိုလ်ဌေးနှင့် မြန်မာနိုင်ငံဆိုင်ရာကိုးရီးယား ဒီမိုကရက်တစ်ပြည်သူ့ သမ္မတ နိုင်ငံသံအမတ်ကြီး H.E. Mr. Jong Ho Bomတို့ကအနုပညာရှင်များအား ဂုဏ်ပြုဆုငွေများ ပေးအပ်ကာ အတာရေ ပက်ဖြန်းပေးကြသည်။

ထို့နောက် သံအမတ်ကြီးနှင့် သံရုံးမိသားစုဝင်များ၊ သံတမန်မိသားစုဝင်များသည် အနုပညာရှင်များနှင့် ယိမ်းအဖွဲ့များနှင့်အတူ  မြန်မာသံစဉ် တေးသီချင်းများဖြင့် သီဆိုကြ ပြီး ပျော်ရွှင်စွာ ရေပက်ကစားကြသည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ရန်ကုန်မြို့တော်ဝန်နှင့်တာဝန်ရှိသူများ နှင့်အတူသံအမတ်ကြီးနှင့် သံရုံးမိသားစုဝင်များ၊ သံတမန်မိသားစုများသည် မြို့တော် ခန်းမအနီး မဟာဗန္ဓုလပန်းခြံလမ်း လမ်းလျောက်သင်္ကြန်အား လှည့်လည် ကြည့်ရှုပြီး ပြည်သူများနှင့်အတူ ပျော်ရွှင်စွာ ရေပက်ကစားကြသည်။

ယနေ့ သင်္ကြန်အကြတ်နေ့တွင် မဏ္ဍပ်ရှေ့၌ ရေပတ်ခံထွက်သူ၊ ရေကစားသူများ ဖြင့် စည်ကားလျက်ရှိရာ ဖျော်ဖြေရေးအစီအစဉ်များ၊ တိုင်းရင်းသား ရိုးရာတေးသီချင်း အကတို့ဖြင့် ယှဉ်ပြိုင်သူများအပြင် ရန်ကုန်မြို့တော် မဟာသင်္ကြန်မဏ္ဍပ်သို့ လာရောက် လည်ပတ်သူများဖြင့် စည်ကားလျက်ရှိကြောင်း သတင်းရရှိသည်။