တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ဆက်လက်ပို့ဆောင် နေပြည်တော်၊ ဧပြီ -  ၁၂      

Tuesday, April 12, 2022 - 14:00

တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ဆက်လက်ပို့ဆောင်

နေပြည်တော်၊ ဧပြီ -  ၁၂               

ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများအတွက် အဓိကကျသောလုပ်ငန်းစဉ်တစ်ရပ်တွင်ပါဝင်သည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးထိုးခြင်းလုပ်ငန်းများကို တပ်မတော်သားဆရာဝန်များ၊ ကျန်းမာရေးဝန်ထမ်း များနှင့် လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်း၍ အင်တိုက်အားတိုက် ဆောင်ရွက်ပေး လျက်ရှိရာ ၎င်းလုပ်ငန်းများတွင် အထောက်အကူဖြစ်စေရန်အတွက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးသို့ တပ်မတော် လေယာဉ်များ၊ ရဟတ်ယာဉ်များ၊ Cold Chain Delivery Logistics မော်တော် ယာဉ်ကြီးများဖြင့် သတ်မှတ်အအေးလမ်းကြောင်း စံချိန်စံညွှန်းများအတိုင်း ပို့ ဆောင်ဖြန့်ဖြူးပေးလျက်ရှိသည်။

ထိုသို့ပို့ဆောင်ပေးလျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ် မင်းဓမ္မလမ်းရှိ ပြည်သူ့ကျန်းမာရေးဦးစီဌာန၊ ဗဟိုကာကွယ်ဆေးသိုလှောင်အခန်း၌ ထားရှိသည့် ဆေးတစ်လုံးလျှင် ၁ ဦးထိုးနိုင်သော Sinovac အမှတ်တံဆိပ် ကာကွယ် ဆေး ၄၀၀၀ လုံးနှင့် ဆေးထိုးအပ် ၁၈၀၀၀ ချောင်းကို ယနေ့တွင်  ချင်းပြည်နယ်၊ မတူပီမြို့သို့ Cold Chain Delivery Logistics မော်တော်ယာဉ်ကြီးများဖြင့် သတ်မှတ်အအေးလမ်းကြောင်း စံချိန်စံညွှန်းများအတိုင်း ဆက်လက်ပို့ဆောင်ပေးခဲ့ ပြီး တာဝန်ရှိသူများက လက်ခံရယူခဲ့ကြောင်းနှင့် သက်ဆိုင်ရာသို့ ဆက်လက်ဖြန့်ဝေ ပေးသွားမည်ဖြစ်ကြောင်း သတင်း ရရှိသည်။