ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ်၊ သံသုမာလမ်းရှိ “ကမ္ဘောဇ”ဘဏ်ခွဲမှ ငွေကျပ်သိန်း ၂၁၇၀ ခန့်ကို ဓားပြတိုက်မှုကျူးလွန်ခဲ့သူများအား သက်သေခံငွေ၊ လက်နက်ခဲယမ်း၊ စိတ်ကြွမူးယစ်ဆေးဝါးများနှင့်အတူ ဖော်ထုတ်ဖမ်းဆီးရမိ နေပြည်တော်၊ ဧပြီ ၁၁

Tuesday, April 12, 2022 - 07:00

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ်၊ သံသုမာလမ်းရှိ “ကမ္ဘောဇ”ဘဏ်ခွဲမှ ငွေကျပ်သိန်း ၂၁၇၀ ခန့်ကို ဓားပြတိုက်မှုကျူးလွန်ခဲ့သူများအား သက်သေခံငွေ၊ လက်နက်ခဲယမ်း၊ စိတ်ကြွမူးယစ်ဆေးဝါးများနှင့်အတူ ဖော်ထုတ်ဖမ်းဆီးရမိ

နေပြည်တော်၊ ဧပြီ ၁၁

            ၂၀၂၂ ခုနှစ်၊ ဧပြီလ ရက် မွန်းလွဲ နာရီ ၁၀ မိနစ်တွင် ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ်၊ သံသုမာလမ်းရှိကမ္ဘောဇဘဏ်ခွဲအတွင်းသို့ အမျိုးသား ဦးက ဘဏ်အကောင့်ပြုလုပ်လိုကြောင်း ပြော၍ ဝင်ရောက်လာပြီး ဘဏ်အတွင်းကြိုတင်ရောက်ရှိနေသည့် အမျိုးသား ဦးတို့နှင့် ပူးပေါင်းကာ ဘဏ်လုံခြုံရေးဝန်ထမ်းတစ်ဦးအား ကျဉ်စက်ဖြင့်ထိုး၍  ဘဏ်ဝန်ထမ်းများနှင့် ဘဏ်အတွင်း ငွေသွင်း၊ ငွေထုတ်ရန်ရောက်ရှိနေသူများ၏ လက်ကိုင်ဖုန်း များအား သေနတ်ပြခြိမ်းခြောက် လုယက်ယူဆောင်ကာ ဘဏ်အတွင်းစုထိုင်ခိုင်းပြီး ဘဏ်ကောင်တာ အတွင်းနှင့်် ကောင်တာအပေါ်၌ ထားရှိသည့် ငွေကျပ်သိန်း ၂၁၇၀ ခန့်ကို အသင့်ယူဆောင် လာသည့် လက်ကိုင်ပါပီနံအိတ် လုံးအတွင်းထည့်၍ ဓားပြတိုက်လုယက်ခဲ့သည့် ဖြစ်စဉ်ဖြစ်ပွား ခဲ့သဖြင့် တောင်ဥက္ကလာပမြို့မရဲစခန်း ()၁၆၇/ ၂၀၂၂၊ ရာဇသတ်ကြီး ပုဒ်မ ၃၉၅/၃၂၃ ဖြင့် အမှုဖွင့်လှစ်ကာ ပြစ်မှုကျူးလွန်သူများအား ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေး လုံခြုံရေးရဲတပ်ဖွဲ့ဝင်များက စုံစမ်း စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့သည်။

            ထိုသို့ ဓားပြတိုက်မှုကျူးလွန်ခဲ့သူများအား ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေး လုံခြုံရေး တပ်ဖွဲ့ဝင် များက အထူးအမှုစစ်အဖွဲ့ဖွဲ့စည်းကာ တာဝန်သိပြည်သူများ၏ ပူးပေါင်းပါဝင် သတင်း ပေးမှုများဖြင့် ပေါင်းစပ်ညှိနှိုင်း၍ စုံစမ်းဖော်ထုတ်ခဲ့ရာ ဓားပြတိုက်မှုကျူးလွန်ခဲ့သူများသည် ပြစ်မှုကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် YGN 7D-3400 TOYOTA PROBOX မော်တော်ယာဉ်အား YGN CC-8336 နံပါတ်ဖြင့် ပြောင်းလဲတပ်ဆင်ကာ အသုံးပြုခဲ့ကြောင်း စိစစ်တွေ့ရှိရသဖြင့် 7D-3400 မော်တော်ယာဉ်အား ဖမ်းဆီးရမိနိုင်ရေး ဆောင်ရွက်ခဲ့ရာ ဧပြီ ရက်နေ့ နံနက် နာရီ ၁၅ မိနစ်တွင် ၎င်းယာဉ်ကို စမ်းချောင်းမြို့နယ်၊ ဘူတာရပ်ကွက်၊ ဟုမ်းလမ်း()လမ်း၊ အမှတ်(၁၄၇)နေ အာကာကျော်() အာကာ (၄၁)နှစ် ()ဦးကျော်နှင့်အတူ ဘူတာရပ်ကွက်၊ ဟုမ်းလမ်းပေါ်ရှိ Orange စတိုးဆိုင် ဖမ်းဆီးရမိခဲ့သည်။

            ဖမ်းဆီးရမိသူ အာကာကျော်၏ ထွက်ဆိုချက်အရ ကမ္ဘောဇဘဏ်ဓားပြတိုက်မှုဖြစ်စဉ်၌ ၎င်းမောင်းနှင်သည့် ယာဉ်အား တစ်ရပ်ကွက်တည်းနေ မင်းမော်ဟိန်း() မော်ကြီး () တိုးလီ (၁၇)နှစ် () ဦးမျိုးဝင်းအောင်က ငှားရမ်းခဲ့သဖြင့် ၎င်းနှင့်အတူ လှည်းကူးမြို့နယ်၊ ကျွန်းကလေးကျေးရွာနေ ဇော်နောင် (၃၇)နှစ် ()ဦးတင်မောင်လွင်မောင်းနှင်သည့် YGN CC-7408 TOYOTA CALDINA မော်တော်ယာဉ်နှင့်အတူ လိုက်ပါခဲ့ကြောင်း  သိရှိရသဖြင့် ၎င်းတို့ ဦးအား ဖမ်းဆီးရမိနိုင်ရေး ဆောင်ရွက်ခဲ့ရာ နာရီ ၂၀ မိနစ်တွင် ဇော်နောင်အား CALDINA မော်တော်ယာဉ်ဖြင့် လည်းကောင်း၊ နာရီခွဲတွင် မင်းမော်ဟိန်း() မော်ကြီး () တိုးလီအားလည်းကောင်း ၎င်းတို့၏ နေအိမ်များ၌ အသီးသီးဖမ်းဆီးရမိခဲ့သည်။

            တိုးလီ()မင်းမော်ဟိန်း() မော်ကြီး၏ ထွက်ဆိုချက်အရ ဓားပြတိုက်မှုကျူးလွန်ရာတွင် ပါဝင်ခဲ့သော အလုံမြို့နယ်၊ ဌာနရပ်ကွက်၊ ဧရာဝတီလမ်း၌နေကြသူများဖြစ်သည့် မြတ်သူ(ခ) ပွားလေး (၁၇)နှစ် () ဦးကျော်မင်းထွန်းနှင့် ဟိန်းထက်အောင် () ဟိန်းထက် (၁၉)နှစ် () ဦးကျော်ဆန်း တို့ ဦးအား နာရီ ၁၅ မိနစ်တွင် ၎င်းတို့၏ နေအိမ်များ၌ လည်းကောင်း၊ ဓားပြတိုက်မှုကျူးလွန်ရာတွင် ဦးဆောင်ခဲ့သည့် စမ်းချောင်းမြို့နယ်၊ မုန့်လက်ဆောင်း ကုန်းတောင်ရပ်ကွက်၊ မကြီးကြီးလမ်း၊ အမှတ်(၅၄)နေ ဝေမင်းအောင်() အက်စတာ() ဝေကြီး (၂၃)နှစ် ()ဦးဇော်ဝင်းမောင်နှင့် ဓားပြတိုက်မှုမှ ရရှိသည့်ငွေများအား ဝှက်သိမ်းရာတွင် စီမံခန့်ခွဲပေးသူ မင်္ဂလာဒုံမြို့နယ်၊ ပလရရပ်ကွက်၊ အိမ်ခြေ(၅၀)()လမ်း၊ ()လွှာ (ယာ)အခန်းနေ ပန်းနု() ပန်ပန် (၂၅)နှစ် ()ဦးဇော်ဇော်တို့ ဦးအား အလုံမြို့နယ်၊ ကွင်းကျောင်းလမ်းပေါ်၌ ဓားပြတိုက်ရာမှ ရရှိခဲ့သည့်ငွေ ၁၀,၁၂၅,၀၀၀ ကျပ်၊ စိတ်ကြွ ရူးသွပ်ဆေးပြား ပြား၊ .380 AUTO ကျည်တစ်တောင့် တို့နှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့သည်။

            ဝေမင်းအောင်() အက်စတာ() ဝေကြီးနှင့် ပန်းနု() ပန်ပန် တို့၏ ထွက်ဆိုချက်အရ ဓားပြတိုက်ရာမှရရှိခဲ့သည့် သက်သေခံငွေအချို့ကို ပန်းနု၏အစ်မဖြစ်သူ မင်္ဂလာဒုံမြို့နယ်၊ ပလရ ရပ်ကွက်၊ အိမ်ခြေ(၅၀) ()လမ်း၊ အမှတ်(၃၀)နေ အေးငြိမ်းသူ (၄၃)နှစ် ()ဦးဇော်ဝင်းမောင်၏ နေအိမ်၌ ဝှက်သိမ်းထားကြောင်းသိရှိရသဖြင့် ၁၁ နာရီ ၄၅ မိနစ်တွင် သွားရောက်ရှာဖွေခဲ့ရာ  အေးငြိမ်းသူအား ၎င်း၏နေအိမ် အပေါ်ထပ်အိပ်ခန်းအတွင်းရှိ ကုတင်အောက်၌ ခရီးဆောင် အိတ်ဖြင့်ထည့်၍ ဝှက်သိမ်းထားသည့် ငွေကျပ် ၆၉,၉၄၀,၀၀၀ ကျပ်နှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့သည်။

            ဝေမင်းအောင်() အက်စတာ() ဝေကြီး၏ ထပ်မံထွက်ဆိုချက်အရ ဓားပြတိုက်မှုဖြစ်စဉ် တွင် ပါဝင်ခဲ့သည့် စည်သူ ()တုံတုံ၊ ကောင်းဝေယံ() ဝေယံ() နုတီ၊ လှိုင်ဘွားအောင်()ဘွားကြီး၊ ပိုင်သုတ() သုတ၊ ပြည့်ဖြိုးကျော် () ဂျိုးကြော်၊ သန့်ဇော်ထွေး() တရုတ်ကြီးနှင့် နဒီပေါင် () ဆံရှည်() ဇာကြီးတို့ ဦးကို မင်္ဂလာဒုံမြို့နယ်၊ ရေကြည်အိုင်ရပ်ကွက်၊ သစ္စာလမ်းသွယ်()ရှိ နေအိမ်တစ်လုံး ငှားရမ်းပေးထားကြောင်း သိရှိရသဖြင့် ၁၂ နာရီ ၁၀ မိနစ်တွင် သွားရောက် ရှာဖွေဖမ်းဆီးခဲ့ရာ ၎င်းတို့ ဦးကို အဆိုပါနေအိမ်၌ မတွေ့ရှိရဘဲ နေအိမ်အတွင်းမှ လက်ပစ်ဗုံး လုံး၊ လက်လုပ်ဗုံးတစ်လုံး၊ လက်လုပ် သေနတ်တစ်လက်၊ ပွိုင့် 22 ကျည် ၄၉ တောင့်၊ လက်ပစ်ဗုံးဖြူ့စ် ခု၊ ယမ်းမှုန့် ၁၀ ကျပ်သားခန့်တို့ကို သိမ်းဆည်းရမိခဲ့သည်။

            လုံခြုံရေးတပ်ဖွဲ့ဝင်များက ထွက်ပြေးတိမ်းရှောင်လျက်ရှိသည့် ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိနိုင်ရေးအတွက် ဆက်လက်ဆောင်ရွက်ခဲ့ရာ ဧပြီ ရက်နေ့တွင် ပြစ်မှုကျူးလွန်ရာ၌ ပါဝင်သူများဖြစ်သည့် ကောင်းဝေယံဟိန်း() ဝေယံ() နုတီအား စမ်းချောင်းမြို့နယ်၊ရွှေမောင်းဟိုတယ်၌ သက်သေခံငွေ ၁၁၈၀၀၀ ကျပ်၊ လက်ကိုင်ဖုန်းတစ်လုံးဖြင့်လည်းကောင်း၊ ဟန်သီထူး () ဟန်ကြီးအား စမ်းချောင်းမြို့နယ်၊ မြေနီကုန်းရပ်ကွက်၊ဒဂုံစင်တာအနီး၌ လည်းကောင်း၊ ဧပြီ ၁၀ ရက်နေ့ နေ့လယ် ၁၂ နာရီ ၄၅ မိနစ်တွင် ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်၊ မင်းကြီးညိုရပ်ကွက်၊ တောင်ငူလမ်း၊ အမှတ်(၁၉)နေ ဟိန်းထက်ဇော်() မြင်းကျား(၁၉)နှစ် ()ဦးတင်ဇော်လတ်၊ စမ်းချောင်းမြို့နယ်၊ သံတံတားရပ်ကွက်၊ သံတံတားလမ်းအမှတ်(၇၆)နေ စည်သူဝင်း() တုံတုံ (၂၈)နှစ် ()ဦးဝင်းတင်၊ အလုံမြို့နယ်၊ လွတ်လပ်ရေးရပ်ကွက်၊ အောင်ဇေယျလမ်း၊ အမှတ်(၁၁၆)နေ ဟိန်းမင်းသန့်() ပိုင်သုတ (၁၇)နှစ် ()ဦးညွန့်ဝင်း၊ အဆိုပါလမ်း အမှတ်(၁၀၄)နေ ဇာနည်ထက်() နဒီပေါင်() ဇာကြီး (၂၄)နှစ် ()ဦးစိုးဝင်း၊ မရမ်းကုန်းမြို့နယ်၊ ()ရပ်ကွက်၊ သမိုင်း ()လမ်းနေ သန့်ဇော်ထွေး() တရုတ်ကြီး (၁၇)နှစ် ()ဦးမိုးလွင်၊ စမ်းချောင်းမြို့နယ်၊ မုန့်လက်ဆောင်းကုန်းတောင်ရပ်ကွက်၊ ပြည်သူ့ကွက်သစ် ()လမ်း၊ အမှတ်()နေ လှိုင်ဘွားအောင်() ဘွားကြီး (၂၃)နှစ် ()ဦးကျော်ဆွေဝင်းနှင့် မရမ်းကုန်းမြို့နယ်၊ ()ရပ်ကွက်၊ သမိုင်း ()လမ်းနေ ပြည့်ဖြိုးကျော် () ချိုးကြော် (၁၈)နှစ် () ဦးမိုးလွင် တို့ ဦးကို သုံးခွမြို့နယ်၊ သိုက်တူးကန်ကျေးရွာ၊ ပိုးဖလံကွင်းရှိ ဦးနိုင်ဝင်း၏ လယ်တဲအတွင်းမှ လက်လုပ်သေနတ် တစ်လက်၊ ၁၂ ဗို့လ်ကျည် တောင့်၊ ရောင်စုံ မီးခိုးဗုံးတစ်လုံး၊ Drone ခု၊ လက်ကိုင်ဖုန်းမျိုးစုံ လုံး၊  ဓားပြတိုက်ရာမှ ရရှိခဲ့သည့် သက်သေခံငွေ စက္ကူရောရာ ၁၂၅ သိန်းတို့နှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့သည်။

            ထို့နောက် ဝေမင်းအောင်() အက်စတာ() ဝေကြီး၏ ထပ်မံထွက်ဆိုက်ချက်အရ ဓားပြတိုက်ရာမှ ရရှိသည့် ငွေသိန်း ၆၀၀ ကို မင်္ဂလာဒုံမြို့နယ်၊ ရေကြည်အိုင်ရပ်ကွက်၊ သစ္စာလမ်း၊ အမှတ်(၁၇)နေ ပန်းနု၏အစ်မဖြစ်သူ မေငြိမ်းထံတွင် သိမ်းဆည်းထားကြောင်း သိရှိရသဖြင့် ယနေ့နံနက်ပိုင်းတွင် သွားရောက်ရှာဖွေခဲ့ရာ မေငြိမ်း အား နေအိမ်အတွင်းမှ သက်သေခံငွေသိန်း ၆၀၀၊ ပစ္စတိုသေနတ် တစ်လက်၊ ကော်သေနတ်တစ်လက်၊ ကျဉ်စက် ချောင်းတို့နှင့်အတူ ဖမ်းဆီး ရမိခဲ့သည်။

            ဖမ်းဆီးရမိသူများ၏ ထွက်ဆိုချက်အရ တောင်ဥက္ကလာပမြို့နယ်၊ သံသုမာလမ်းရှိ ကမ္ဘောဇ ဘဏ်အား ဓားပြတိုက်ရန်အတွက် ဝေမင်းအောင်() အက်စတာ() ဝေကြီး၊ ဝေယံ() နို့တီနှင့် ဟိန်းထက်ဇော်() မြင်းကျားတို့က  မတ်လ ၁၆ ရက်မှ စတင်၍ တိုင်ပင်ခဲ့ကြောင်း၊ ၎င်းနောက် အဆိုပါဘဏ်အား စောင့်ကြည်လေ့လာမှုများ ပြုလုပ်ရန်အတွက် ဝေမင်းအောင်() အက်စတာ() ဝေကြီးနှင့် ၎င်း၏ဇနီး ပန်းနု() ပန်ပန်တို့က ဦးဆောင်၍ မင်္ဂလာဒုံမြို့နယ်၊ ဝါယာလက်ရှိ နေအိမ်၌ စုဝေးတိုင်ပင်ကာ မြတ်သူ() ပွားလေး၊ မင်းမော်ဟိန်း() မော်ကြီး() တိုးလီ၊ ဟိန်းထက်အောင်() ရော်ပြဲ၊ ဟိန်းထက်ဇော်() မြင်းကျားတို့က အကြိမ်ကြိမ်သွားရောက် လေ့လာခဲ့ကြောင်း၊ ဧပြီ ရက်တွင် ဝေမင်းအောင်() အက်စတာ() ဝေကြီးဦးဆောင်၍ ဝါယာလက်နေအိမ်၌ စုဝေးပြီး တာဝန်ခွဲဝေခဲ့ရာ ဘဏ်အတွင်း၌ ATM ကတ် ပြုလုပ်မည့်သူအဖြစ် ဝင်ရောက်စောင့်ကြည့်သူအဖြစ် မြတ်သူ()ပွားလေးနှင့် ဟိန်းထက်အောင် () ထက်အောင် တို့ ဦးက လည်းကောင်း၊ ဟိန်းထက်ဇော် () မြင်းကျား (သေနတ် နှင့်ကျဉ်စက်ကိုင်သူ) သန့်ဇော်ထွေး() တရုတ်ကြီးနှင့် ပိုင်သုတ() သုတ (သေနတ်ကိုင်သူ) စည်သူ() တုံတုံ၊ ဇာနည်ထက်() နဒီပေါင် () ဇာကြီး ကောင်းဝေယံဟိန်း() ဝေယံ() နုတီ၊ နေတိုး(ဖမ်းဆီးရန်ကျန်) တို့ ဦးက ဘဏ်အတွင်းဝင်ရောက် ငွေလုယက်သူများအဖြစ် လည်းကောင်း၊ ဟန်သီထူး() ဟန်ကြီး၊ လှိုင်ဘွားအောင်() ဘွားကြီး၊ ပြည့်ဖြိုးကျော်() ချိုးကြော်၊ ဖမ်းဆီးရန် ကျန်သူများ ဖြစ်သည့် ဇေယျာအောင်(ခ) ဖုတ်ကြီး၊ ထူးထက်အောင် (ခ) စာကလေး၊ ဥက္ကာပိုင်နှင့် စွမ်းထက်ပိုင် တို့ ဦးက ဘဏ်ပတ်ဝန်းကျင်၌ စောင့်ကြည့်ပေးသူများအဖြစ်လည်းကောင်း၊ ဝေမင်းအောင်() အက်စတာ() ဝေကြီးနှင့် ပန်းနု() ပန်ပန်တို့က မရမ်းကုန်းမြို့နယ်၊ ရွှေနှင်းဆီလမ်းရှိ ငါးကန်တွင် မော်တော်ယာဉ်တစ်စီးဖြင့် စောင့်နေပြီး ဓားပြတိုက်ရာမှ ရရှိသည့်ငွေများအား မင်္ဂလာဒုံမြို့နယ်၊ ပလရရပ်ကွက်ရှိ ပန်းနု၏ နေအိမ်သို့ သယ်ဆောင်မည့်သူများအဖြစ်လည်းကောင်း တာဝန်ခွဲဝေခဲ့ကြောင်း၊ ယင်းနောက် အခင်းဖြစ်နေ့ နံနက်ပိုင်းမှစတင်၍ ကမ္ဘောဇဘဏ်အား ဓားပြတိုက်ရန်အတွက် တာဝန်ခွဲဝေ ထားသည့်အတိုင်း စောင့်ကြည့်မည့်သူများသည် ၎င်းတို့၏ အစီအစဉ်ဖြင့် သွားရောက် စောင့်ဆိုင်းခဲ့ပြီး လုယက်မှုကျူးလွန်သည့် ဟိန်းထက်ဇော် () မြင်းကျား ပါ ဦးက အာကာကျော် () အာကာ မောင်းနှင်သည့် YGN 7D-3400 TOYOTA PROBOX မော်တော်ယာဉ်အား YGN CC-8336 နံပါတ်ဖြင့် ပြောင်းလဲတပ်ဆင်ကာ ဘဏ်အနီး စောင့်ဆိုင်းခဲ့ကြောင်း၊ မွန်းလွဲ နာရီ ခန့်တွင် ဘဏ်အတွင်း ဝင်ရောက်ကာ ငွေများလုယက်ယူဆောင်ကာ မရမ်းကုန်းမြို့နယ်၌ ဇော်နောင် မောင်းနှင်သည့် Caldina  မော်တော်ယာဉ်ဖြင့် အသင့်စောင့်ဆိုင်းနေသည့် ဝေမင်းအောင် () အက်စတာ() ဝေကြီးနှင့် ပန်းနု() ပန်ပန် တို့ထံ လက်ဆင့်ပြောင်း၍ မင်္ဂလာဒုံမြို့နယ်သို့ ထွက်ခွာသွားခဲ့ကြောင်း ရရှိထားသည့် ငွေကြေးများအား ခွဲဝေကာ လူစုခွဲထွက်ပြေးတိမ်းရှောင်ခဲ့ပြီး ကိုယ်ရေးကိုယ်တာ ကိစ္စများတွင် သုံးစွဲခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။

            အထက်ပါဖြစ်စဉ်တွင် ဓားပြတိုက်မှုကျူးလွန်ရာတွင်ပါဝင်သူ အမျိုးသား ၁၅ ဦး၊ အမျိုးသမီး ဦး၊ စုစုပေါင်း (၁၈)ဦးတို့ကို သက်သေခံငွေကျပ် ၁၅၅,၁၈၃,၀၀ဝ၊ လက်ပစ်ဗုံး လုံး၊ မီးခိုးဗုံး တစ်လုံး၊ ပစ္စတိုသေနတ် တစ်လက်၊ လက်လုပ်သေနတ် လက်၊ ကော်သေနတ် တစ်လက်၊ ကျဉ်စက် ချောင်း၊ ပွိုင့် 22 ကျည် ၄၉ တောင့်၊ ၁၂ ဗို့လ်ကျည် တောင့်၊ Drone ယာဉ်အစိတ်အပိုင်း ခု၊ .380 AUTO ကျည်တစ်တောင့်၊ လက်ပစ်ဗုံးဖြူ့စ် ခု၊ ယမ်းမှုန့် ၁၀ ကျပ်သားခန့်၊ စိတ်ကြွရူးသွပ်ဆေးပြား ပြားတို့နှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး ဖမ်းဆီးရန်ကျန် တရားခံများအား အမြန်ဆုံး ဖော်ထုတ်ဖမ်းဆီး ရမိနိုင်ရေး၊ သိမ်းဆည်းရန်ကျန် သက်သေခံပစ္စည်းငွေများအား သိမ်းဆည်းရမိနိုင်ရေးနှင့် ဖမ်းဆီး ရမိတရားခံများအား ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူ ဆောင်ရွက်သွားနိုင်ရေး လုံခြုံရေး တပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။