မင်္ဂလာတောင်ညွန့်မြို့နယ်နှင့် ချမ်းအေးသာစံမြို့နယ်တို့ရှိ အစ္စလာမ်ဘာသာဝင် များ၏ ရာမဒန်လမြတ်ကာလတွင် ဥပုသ်ဝင်ရောက်ကြသူများအတွက် စားသောက် ဖွယ်ရာများနှင့် အလှူငွေများ ပေးအပ်လှူဒါန်း

Saturday, April 9, 2022 - 16:15

 

နေပြည်တော်၊ ဧပြီ - ၉

          ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ အစ္စလာမ်ဘာသာ ဝင်များ၏ ရာမဒန်လမြတ်ကာလတွင် ဥပုသ်ဝင်ရောက်ကြသူများအတွက် စားသောက် ဖွယ်ရာများကို သက်ဆိုင်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်များ၊ တိုင်းစစ်ဌာနချုပ် အသီးသီးမှ တိုင်းမှူးနှင့် တာဝန်ရှိသူများက သွားရောက်ပေးအပ်လှူဒါန်း လျက်ရှိ သည်။

          ထိုသို့ ပေးအပ်လှူဒါန်းလျက်ရှိရာ ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာ တောင်ညွန့်မြို့နယ်၊ အထက်ပန်းဆိုးတန်းလမ်းပေါ်ရှိ တခြမ်းပဲ့ဗလီတွင် ဥပုသ်ဝင် ရောက်သူ  ၁၂၀ ဦး၊ တရားပေးဆရာ ၁၀ ဦး၊ ဗလီအကျိုးတော်ဆောင်အဖွဲ့ အဖွဲ့ဝင် ၁၀ ဦးတို့အတွက် စားသောက်ဖွယ်ရာများနှင့် အလှူငွေများကို ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေနှင့် တာဝန်ရှိသူများက လည်းကောင်း၊ ဧပြီ ၈ ရက် ညနေပိုင်းတွင် မန္တလေးတိုင်း ဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ ဂျွန်းဗလီအစ္စလာမ်ဘုရားရှိခိုးကျောင်းတွင် ဥပုသ်ဝင်ရောက်သူ ၃၃၀ ဦးတို့အတွက် စားသောက်ဖွယ်ရာများကို မန္တလေးတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးမောင်ကိုနှင့် အဖွဲ့ဝင်များ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများက လည်းကောင်း အသီးသီး သွားရောက်ပေးအပ်လှူဒါန်းခဲ့ကြ ကြောင်း သတင်းရရှိသည်။