၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ နဝမနေ့တွင် စိတ်ကြိုက်မြန်မာစာ လာရောက်ဖြေဆိုသူ စုစုပေါင်း ၃ ဦးရှိ

Saturday, April 9, 2022 - 16:00

 

နေပြည်တော် ဧပြီ ၉

၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ နဝမနေ့ကို ယနေ့ နံနက်ပိုင်းတွင် ကျင်းပရာ  တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် စိတ်ကြိုက်မြန်မာစာ လာရောက်ဖြေဆိုသူ စုစုပေါင်း ၃ ဦး ရှိကြောင်း သိရသည်။

ယခုနှစ်တွင် ပြည်တွင်းစာစစ်ဌာန  ၄ ခု ဖွင့်လှစ်ဖြေဆိုခဲ့ရာ စိတ်ကြိုက်မြန်မာစာ စာမေးပွဲဖြေဆိုရန် စာရင်းပေးသွင်းသူဦးရေ စုစုပေါင်း ၄ ဦးရှိပြီး စာမေးပွဲ နဝမနေ့ စိတ်ကြိုက်မြန်မာစာ လာရောက်ဖြေဆိုသူ စုစုပေါင်း ၃ ဦးရှိကာ ဖြေဆိုသူ ရာခိုင်နှုန်း ၇၅ ရာခိုင်နှုန်းရှိကြောင်း ပညာရေးဝန်ကြီးဌာနမှ သိရှိရသည်။