နေပြည်တော်၊ ဖေဖော်ဝါရီ - ၂၃
ပဲခူးတိုင်းဒေသကြီး၊ မိုးညိုမြို့နယ်၊ ညောင်လေးပင်ကျေးရွာနေသူ အမျိုးသမီးတစ်ဦး သည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက် နံနက် ၁၀ နာရီတွင် ကျေးရွာအတွင်း၌ ဆိုင်ကယ်မတော်တဆတိမ်းမှောက်၍ ယာဘက်လက် ထိခိုက်ဒဏ်ရာရရှိခဲ့ရာ ပြည်မြို့ (ကုတင်-၅၀၀) ပြည်သူ့ဆေးရုံမှာ ဖွင့်လှစ်ကုသခြင်းမရှိသဖြင့် ညနေ ၅ နာရီခန့်တွင် ပြည်သူ့ ဆေးရုံကြီး၌ ဆေးကုသခြင်းမရှိဘဲ ပုဂ္ဂလိက သံလွင်ဆေးရုံ၌ အခကြေးငွေရယူလျက် ဆေးကုသနေသည့် ဒေါက်တာ ကျော်သူရ ထံသို့ သွားရောက်ပြသခဲ့ရာ ဖေဖော်ဝါရီလ ၁၃ ရက် နံနက် ၁၁ နာရီတွင် အမျိုးသမီး၏ ယာဘက်လက်သူကြွယ်နှင့် လက်သန်းနှစ်ချောင်းအား ငွေကျပ် ၁၃ သိန်းပေး၍ ခွဲစိတ်ဖြတ်တောက်ခဲ့ရသည့်အပြင် ဒေါက်တာကျော်သူရမှ ဒုတိယအကြိမ် ထပ်မံခွဲစိတ်ရန် လိုအပ်ကြောင်း ပြောလာခဲ့သဖြင့် ငွေကြေးမတတ်နိုင်တော့သည့်အတွက် ၎င်းပုဂ္ဂလိကဆေးရုံမှ အမှတ်(၆)တပ်မတော်ဆေးရုံ(ကုတင်-၁၀၀)သို့ လာရောက်ပြသ အရေးပေါ် ခွဲစိတ်ကုသမှုခံ ယူခံရသည်။
အဆိုပါအမျိုးသမီးအနေဖြင့် ပုဂ္ဂလိက ဆေးရုံ၌ မိမိဒဏ်ရာအား ကုသမှုခံခဲ့ရာမှ ငွေကြေး မတတ်နိုင်တော့သဖြင့် တပ်မတော်ဆေးရုံသို့ ပြောင်းရွှေ့ကုသရာတွင် အချိန်မီ ထပ်မံခွဲစိတ်ခြင်း မပြုလုပ်ပါက အသက်အန္တရာယ်စိုးရိမ်ရသည့် အနေအထားသို့ ရောက်ရှိ နေသဖြင့် လူနာ၏ ယာဘက်လက်ခလယ်နှင့် လက်ညိုးတို့အား မလိုအပ်ဘဲ ဖြတ်တောက်ကုသခဲ့ရသည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ နစ်နာသူ အမျိုးသမီးမှ ဒေါက်တာ ကျော်သူရ အား တောင်းခံ သည့်ငွေကြေးပေးအပ်သော်လည်း ငွေကြေးထပ်မံတောင်းခံခဲ့ခြင်း၊ CDM ပါဝင်ဆောင်ရွက် သည့်အပြင် အခြားဝန်ထမ်းများအား စည်းရုံးခြင်း၊ ပြည်သူများ ကျန်းမာရေးအခက်အခဲဖြစ် စေရန် ဝန်ထမ်းစည်းမျဉ်းနှင့် ဆန့်ကျင်လျက် မတရားငွေကြေးတောင်းခံကုသမှုအပေါ် ဥပဒေ နှင့်အညီ အရေးယူပေးနိုင်ပါရန် ပြည်မြို့၊ မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့သို့ တိုင်ကြား ခဲ့သဖြင့် စခန်းမှူး ဒုတိယရဲမှူး ကျော်အေးလှိုင် မှ (ပ)၃၂/၂၀၂၁၊ ရာဇသတ်ကြီးပုဒ်မ ၅၀၅ (က)အရ အမှုဖွင့်ဆောင်ရွက်ထားရှိပြီး ဖမ်းဆီးရမိရေးဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည့် အပြင် မြန်မာနိုင်ငံဆေးကောင်စီသို့လည်း ပြည်သူ့ဝန်ထမ်း ဆရာဝန်တစ်ဦးအနေဖြင့် တာဝန်မဲ့ လုပ်ရပ်များအား စာရေးသားတိုင်းတန်းထားကြောင်းလည်း သတင်းရရှိသည်။