နေပြည်တော်ကောင်စီနယ်မြေအတွင်း ဆန္ဒပြသူများအား လုံခြုံရေးတပ်ဖွဲ့ဝင်များက ထိန်းသိမ်း ထားရာမှ ပြန်လည်စေလွှတ်

Tuesday, March 30, 2021 - 06:45

နေပြည်တော်၊ ဖေဖော်ဝါရီ - ၂၃

နိုင်ငံအတွင်းရှိ အချို့မြို့ကြီးများ၌ ဆူပူဆန္ဒပြမှုများဖြစ်ပေါ်လျက်ရှိပြီး နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးနှင့် အများပြည်သူတို့၏ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာအေး ချမ်းသာယာရေးကို ထိခိုက်ပျက်ပြားစေသည့်အပြင် ရုန်းရင်းဆန်ခတ်မှုများ ဖြစ်ပွား စေနိုင်သည်ဟု ယုံကြည်ယူဆသဖြင့် နေပြည်တော်ကောင်စီနယ်မြေအပါအဝင် မြို့နယ် ၁၄၆ မြို့နယ်တွင် ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ-၁၄၄ ကိုထုတ်ပြန်၍ လူ ၅ ဦး သို့မဟုတ် ၅ ဦးထက်ပို၍ လူစုဝေးခြင်းမပြုရန် တားမြစ်ချက်များအား ထုတ်ပြန်ထားပြီး ဖြစ်သည်။

ထိုသို့ထုတ်ပြန်ထားရှိသော်လည်း နေပြည်တော်ကောင်စီနယ်မြေတွင် ဖေဖော်ဝါရီ ၂၂ ရက်တွင် ခွင့်ပြုချက် တောင်းခံမှု မပြုလုပ်ဘဲ နိုင်ငံတော်မှ ထုတ်ပြန်ထားရှိသော လူ ၅ ဦးနှင့် အထက် စုဝေးခွင့်မပြုသည့် ညွှန်ကြားချက်အား ချိုးဖောက်ကာ လူစုလူဝေးပြုလုပ် အော်ဟစ် ခြင်းနှင့် ပြည်သူလူထု အထိတ်တလန့်ဖြစ်စေသည့် လုပ်ရပ်များအား ဆောင်ရွက်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက အကြိမ်ကြိမ်တားမြစ်ခဲ့သော်လည်း လိုက်နာမှုမရှိသူ အမျိုးသား ၁၃၈ ဦး၊ အမျိုးသမီး ၅၇ ဦး၊ စုစုပေါင်း ၁၉၅ ဦးတို့အား နယ်မြေခံလုံခြုံရေးရဲတပ်ဖွဲ့ခွဲတွင် ယာယီ ထိန်းသိမ်းထားရှိခဲ့ပါသည်။

အဆိုပါထိန်းသိမ်းထားသူများအနက်မှ နိုင်ငံတော်ဆန့်ကျင်ရေးအား ဦးစီး ဦးဆောင် ပြုလုပ်ခဲ့သူ အမျိုးသား ၆ ဦးအား တရားဥပဒေနှင့်အညီ အရေးယူနိုင်ရေး ဆက်လက်ဆောင် ရွက်သွားမည်ဖြစ်ပြီး ကျန်ရှိသည့် အမျိုးသား ၁၃၂ ဦး၊ အမျိုးသမီး ၅၇ ဦး၊ စုစုပေါင်း ၁၈၉ ဦးတို့အား ယနေ့နေ့လယ်ပိုင်းတွင် ယာယီထိန်းသိမ်းထားရှိရာမှ ၎င်းတို့၏ နေရပ်အသီးသီးသို့ ပြန်လည်စေလွှတ်ပေးခဲ့ကြောင်း သတင်းရရှိသည်။