နေပြည်တော်၊ ဖေဖော်ဝါရီ - ၂၃
CDM လှုပ်ရှားသူများသည် CDM လှုပ်ရှားမှုများတွင် မပါဝင်သော နိုင်ငံ့ဝန်ထမ်း များအား ဆန့်ကျင်နှောင့်ယှက်ခြင်း၊ ခြိမ်းခြောက် ဖိအားပေးအကြပ်ကိုင်ခြင်း၊ လူအများကြား တွင် မကြားဝံ့မနာသာ ပြောဆိုအရှက်ခွဲခြင်းနှင့် Social Punishment ပြုလုပ်ခြင်းတို့ကို ဆောင်ရွက် လျက်ရှိသည်။ မုံရွာမြို့၌ ဖေဖော်ဝါရီ ၂၂ ရက်တွင် CDM လှုပ်ရှားသူများက နိုင်ငံ့ဝန်ထမ်းများအား CDM လှုပ်ရှားမှုတွင် ပူးပေါင်းပါဝင်ရန် အတင်းအဓမ္မဖိအားပေးခြင်း၊ စိတ်အနှောင့် အယှက်ဖြစ်စေရန် အကြပ်ကိုင်ခြိမ်းခြောက်ခြင်း၊ Social Punishment ပြုလုပ်ခြင်းတို့ကို ဆောင်ရွက်ခဲ့သည့် အပြင် ပုံမှန်ရုံးတက်တာဝန်ထမ်းဆောင်လျက်ရှိသည့် ဌာနအကြီးအကဲ အရာထမ်း ၉ ဦးတို့၏ ဓာတ်ပုံ ပိုစတာများ ချိတ်ဆွဲ၍ CDM ပြုလုပ်နေသည့် ဝန်ထမ်းများအား ဖိနှိပ်နေသည့် အရာရှိ ဆိုးများအဖြစ် လူတစ်ဦးချင်းစီ၏ အခွင့်အရေးနစ်နာဆုံးရှုံးစေသည့် ဂုဏ်သိက္ခာညှိုးနွမ်း ထိခိုက်စေရန် ပြုလုပ်ဆောင်ရွက်ကြသည်ကို တွေ့ရှိရသည်။
ထို့အတူ နေပြည်တော်ကောင်စီနယ်မြေ၊ လယ်ဝေးမြို့နယ်၊ သစ်ပုတ်ပင်ကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းအုပ်ကြီးနှင့် ဆရာ၊ ဆရာမများက လုပ်ငန်းညှိနှိုင်း အစည်းအဝေးပြုလုပ်ရန် ပြင်ဆင်ဆောင်ရွက်စဉ် သစ်ပုတ်ပင်ကျေးရွာ၊ အမှတ်(၅)ရပ်ကွက်နေ အာကာစိုး(ဘ)ဦးဝင်းဘို ဦးဆောင်သောအဖွဲ့က အစည်းအဝေး မကျင်းပနိုင်ရန်အတွက် လာရောက်နှောင့်ယှက်ခဲ့သဖြင့် အစည်းအဝေးကျင်းပနိုင်ခြင်းမရှိကြောင်း သိရှိရသည်။
ထို့ကဲ့သို့ Social Punishment ပြုလုပ်၍ CDM လုပ်ဆောင်ရန် အကြပ်ကိုင် ခြိမ်းခြောက်ဖိအားပေးမှုများသည် နိုင်ငံတာဝန်ထမ်းဆောင်နေသော နိုင်ငံ့ဝန်ထမ်းကောင်း များအပေါ် လူတစ်ဦးချင်း၏ လွတ်လပ်ခွင့်နှင့်အခွင့်အရေးများ ဆုံးရှုံးစေပြီး လူမှုပတ်ဝန်းကျင် တွင် အရှက်ရစေရန် ပြုမှုဆောင်ရွက်ခံရခြင်းများဖြစ်သဖြင့် နိုင်ငံဝန်ထမ်းများအပေါ် CDM လုပ်ဆောင်ရန် အတင်းအကြပ်ဖိအားပေး အကြပ်ကိုင်ခြိမ်းခြောက်ဟန့်တားမှုများ ကြုံတွေ့ ရပါက တိုင်ကြားနိုင်ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ အသိပေးချက်များ ထုတ်ပြန်ထားရှိသဖြင့် CDM လှုပ်ရှားမှုတွင် ပါဝင်ဆောင်ရွက်ခြင်းမရှိ၍ မိသားစုများ၏ လုံခြုံရေးကိုပါ ခြိမ်းခြောက်ခံရသော ဝန်ထမ်းများက သက်ဆိုင်ရာသို့ တရားဝင်တိုင်ကြား မှုများ ပြုလုပ်လာကြကြောင်းနှင့် Social Punishment ပြုလုပ်မှုများ ၊ အခြားဖိအားပေး အကြပ်ကိုင်မှု ပြုလုပ်နေသူ အဓမ္မဝါဒီသမားများအား တည်ဆဲဥပဒေများနှင့်အညီ ထိရောက်စွာ အရေး ယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။